အခန်း (၃)။ မြန်မာနိုင်ငံအတွက် နှင့် မြန်မာနိုင်ငံမှသင်ခန်းစာများ[1]

In 1942–43, the Japanese constructed the Burma–Thailand railway, also known as the Burma–Siam railway. The Japanese army forced approximately 60,000 Allied prisoners of war—including 13,000 Australians, many Dutch, and roughly 200,000 civilians (mostly Burmese and Malayans)—to work on the railway’s construction. Many died as a result of disease and arduous conditions. In the photograph: Burma–Siam ‘Death Railway’ sign, Myanmar (Burma).
(Credit: Wikimedia Commons)

1. Burma and Myanmar are used interchangeably in this text

၁။ နောက်ခံဖြစ်ရပ်နှင့် အကြောင်းအရာများ

မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းကြောင်းနှင့် အစုလိုက်အပြုံလိုက်အကြမ်းဖက်မှုများ၏ အခြေခံအကြောင်းအရာ အချက်အလက်များ

၁၉၄၈ ခုနှစ်တွင်ဗမာ(ယခု မြန်မာ) နိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ကိုထူထောင်ရန်ကြိုးပမ်းခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုများ ရုတ်သိမ်းသွားချိန်အထိ စစ်အုပ်ချုပ်ရေးနှင့်ရာစုဝက်နီးပါးအထီးကျန်ဆန်စွာ နေထိုင် ခဲ့ရသည်။ ထိုဇာတ်လမ်းသည် ယဉ်ကျေးမှုများနှင့် ကိုးကွယ်သည့်ဘာသာတရားများ ကွဲပြားသည့်နိုင်ငံတစ်ခုအဖြစ် ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ စစ်အေး တိုက်ပွဲ၊ သီးသန့်ခွဲထွက်နေခြင်းနှင့် ဒီမိုကရေစီတစ်ပိုင်းတစ်စအဖြစ်မှ  ၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာ သိမ်းမှု အထိရွေ့ပြောင်းလာခြင်းဖြစ်သည်။

အတိုချုပ်ဆိုရလျှင် မြန်မာနိုင်ငံရင်ဆိုင်နေရသော စိန်ခေါ်မှုများမှာ –

  • တပ်မတော်နှင့် အတိုက်အခံများအကြား နိုင်ငံရေး ပဋိပက္ခများ
  • မတူညီသော သမိုင်းဆိုင်ရာ အထောက်အထားများနှင့် အတိတ်ကိုကွဲပြားသော အမြင်များအကြား လက်နက်ကိုင် ပဋိပက္ခများ ၊ ပျက်စီးလွယ်သော နိုင်ငံတော် (အမျိုးသား) လက္ခဏာ
  • အမျိုးသားရေး သဘောထားများ၊ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များကြား ဘာသာရေး တင်းမာမှုများ၊ အမုန်းစကားများနှင့် မွတ်ဆလင်အများစုနေထိုင်သော ရိုဟင်ဂျာအသိုင်းအဝိုင်း အပေါ် လူမျိုးတုံးသတ်ဖြတ်မှုတို့ ပါဝင်ပြီး ၊ အစိုးရဖွဲ့စည်းပုံများတွင် ယခင်က လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူများ ရှိနေခြင်း တို့ဖြစ်သည်။

စစ်အစိုးရ လက်ထက် တပ်မတော် (မြန်မာ့ လက်နက်ကိုင်တပ်ဖွဲ့) နှင့် သီးသန့်ခွဲခြားခြင်းခံခဲ့ရပြီး လူ့အခွင့်အရေး ချိုးဖေါက်မှုများဖြစ်ပေါ် လာခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ အနည်းဆုံး လူဦးရေ၃၀၀၀ခန့်အသက်ဆုံးရှုံးခဲ့ပြီး အများအပြား ဖမ်းဆီးခံခဲ့ရသည်။ အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ကစစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး မာရှယ်လောထုတ်ကာ နိုင်ငံရေးလှုပ်ရှားမှုအားလုံးကို တားမြစ်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အနိုင်ရခဲ့သော်လည်း နဝတက အာဏာလွှဲပြောင်းပေးရန် ငြင်းဆိုခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် နိုင်ငံတွင်း လူထုဆန္ဒပြပွဲများကျင်းပခဲ့သည်။ ဗုဒ္ဓဘာသာဘုန်းကြီးများ အပါအဝင် လူအများအပြားသည် စစ်အစိုးရ၏ဆုံးဖြတ်ချက်ဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ မြှင့်တင်ခြင်းအား ဆန့်ကျင်ကန့်ကွက်ကြပြီး ဒီမိုကရေစီလိုလားသူများ၏ တောင်းဆိုချက်များကို အခိုင်အမာပြောဆိုခဲ့ကြသည်။ တစ်ဖန်စစ်တပ်သည် ဆန္ဒပြပွဲများကို လူစုခွဲပြီး နှိမ်နင်းရန် စီစဉ်ခဲ့သည်။ ထိုဖြစ်ရပ်များကို ‘ရွှေဝါရောင်တော်လှန်ရေး’ (ရွှေဝါရောင်သည် ဘုန်းကြီးများ၏ ရိုးရာသင်္ကန်းအရောင်) ဟုခေါ်သည်။ 

၂၀၁၇ခုနှစ်တွင် ရိုဟင်ဂျာများအပေါ်  မြန်မာစစ်တပ်ကကြီးမားသော တိုက်ခိုက်မှုများဖြစ်အောင်လုပ်ဆောင် ခဲ့သည်။ ရိုဟင်ဂျာ ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရပြီး ဒုက္ခသည် ၇၀၀,၀၀၀ ကျော်သည် ပြည်ပကို ထွက်ပြေးခဲ့ ကြရပြီး အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးခဲ့ကြသည်။ ၂၀၂၀ခုနှစ် တွင် အပြည်ပြည်ဆိုင်ရာ တရားရုံးမှ မြန်မာနိုင်ငံ၏ရိုဟင်ဂျာလူနည်းစုများအပေါ်လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရန် နှင့် ယခင်အစောပိုင်း တိုက်ခိုက်မှုများ၏ အထောက်အထားများကို ထိန်းသိမ်းရန် အမိန့်ပေးခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် NLD ၏ ရွေးကောက်ပွဲအနိုင်ရမှုကို တပ်မတော်မှ အသိအမှတ်ပြုရန် ငြင်းဆန်ပြီး အာဏာသိမ်းလိုက်သည့် အကြမ်းဖက်မှုတစ်ခုအသစ်တစ်ဖန် ဖြစ်ပွားခဲ့သည်။ 

မြန်မာနိုင်ငံသည် ကရင်၊ ရှမ်း၊ ရခိုင်၊ မွန်၊ ချင်း၊ ကချင် အပါအဝင် လူမျိုးစုအဖွဲ့အစည်းများ ၁၃၅ မျိုးနှင့် ဘာသာရေး လူမျိုးစုခွဲများ ပါဝင်သော ကမ္ဘာပေါ်တွင် လူမျိုးစုပေါင်းများစွာစုစည်းနေထိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းမှာ လူနည်းစုများဖြစ်ကြပြီး အများစုမှာ ဗုဒ္ဓဘာသာ ဗမာလူမျိုးများဖြစ်ကြသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲ ဝင်နေသော ဗဟိုအစိုးရနှင့် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားတွင် လက်နက်ကိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျှက်ရှိနေပါသည်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့တွင် ထိုပက္ခများ ဖြစ်ပေါ်ခဲ့သည်။

သမိုင်းကြောင်းဆိုင်ရာ အချက်အလက်ဖြစ်သော အောက်မေ့ဖွယ်ရာ အဓိကအစိတ်အပိုင်းများ

အောက်မေ့ဖွယ်ဖြစ်သော ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ရပ်များကို မြန်မာ့သမိုင်းတွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။ အစိုးရမဟုတ်သော လှုပ်ရှားမှုများတွင် ပါဝင်သည့် အသက်ရှင်ကျန်ရစ်သူများနှင့် အတိတ်က အကြမ်းဖက်မှု များ၏ မျက်မြင်သက်သေများအကြောင်း မှတ်တမ်းပြုစုခြင်းနှင့် တရားမျှတမှုအတွက် တောင်းဆိုခြင်းတို့ ပါဝင်ပါသည်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းမြင်သာမှုလူ့အဖွဲ့အစည်းနှင့် အခြားအဖွဲ့အစည်း များသည် ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့သည်ဆန္ဒပြသူ လူငယ်တစ်ဦး သေဆုံးသည့်နေ့ကို အကြမ်းဖက် မှုများနှင့် ကျောင်းသားဆန္ဒပြပွဲများ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ်ကျင်းပပြီး လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခဲ့သည်။ မကြာသေးမှီနှစ်များအတွင်း၊ ကမ္ဘာတစ်ဝှမ်းရှိ ရိုဟင်ဂျာအုပ်စုများနှင့် ၎င်းတို့၏ မဟာမိတ်များသည် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အထိမ်းအမှတ်ပွဲများပြုလုပ်ခဲ့ပြီး (ဥပမာ- ဩဂုတ်လ ၂၅ ရက်နေ့ ကို ) “ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အောက်မေ့ဖွယ်နေ့” ဟု သတ်မှတ်ကြေညာခဲ့ ပြီးမှ ၂၀၁၇ ခုနှစ် အလားတူနေ့တွင်ပင် မြန်မာစစ်တပ်က ရိုဟင်ဂျာအရပ်သားများအပေါ် ရက်ရက်စက်စက် ဖြိုခွဲခဲ့ရာ ရက်အနည်းငယ်အတွင်း လူပေါင်း ၇၅၀,၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခဲ့ရသည်။

မြန်မာဂျူးအသိုင်းအ၀ိုင်းမှ ဟိုလိုကော့စ်ဆိုင်ရာအထိမ်းအမှတ်ပွဲများအား  အစပျိုးစီစဉ်ကျင်းပရန် လုပ်ဆောင်မှုများလည်း ရှိပါသည်

ဝေဖန်ပိုင်းခြားတွေးခေါ်မှုဆိုင်ရာမေးခွန်းများ

  • ၁။ ဘယ်လိုအခြေအနေတွေကြောင့် မတူညီကွဲပြားမှုတွေက ပဋိပက္ခဖြစ်စေနိုင်သလဲ။ ဘယ်လိုအရင်းအမြစ် များသည် အေးချမ်းသာယာပြီး ငြိမ်းချမ်းရေး တိုးတက်လာနိုင်စေရန် လုပ်ဆောင်နိုင်သနည်း။
  • ‌၂။ ယုံကြည်နိုင်သူခေါင်းဆောင်များ (ဥပမာ ဗုဒ္ဓဘာသာရဟန်းတော်များ) သည် လူမှုရေးပြောင်းလဲမှုနှင့် ဒီမိုကရေစီ အသွင်ပြောင်းလဲရေးတွင် အပြုသဘောဆောင် ပါဝင်နိုင်ပါသလား။
  • ၃။ လူမျိုးရေး တင်းမာမှုများနှင့် အကြမ်းဖက်မှုများ (ဥပမာ ဗုဒ္ဓဘာသာဝင်များ ကျူးလွန်သော ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် အကြမ်းဖက်မှု) ၏ အကြောင်းပြချက်အဖြစ် ဘာသာရေးကို မကြာခဏ အဘယ်ကြောင့် ကိုးကားရသနည်း။ ဘာသာရေးကွဲပြားမှုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ တူညီသောကတိကဝတ်များဖြင့်  ပြန်လည်သင့်မြတ်နိုင်ပါသလား။

ဒုတိယကမ္ဘာစစ်အတွင်း တိုင်းပြည်၏အခန်းကဏ္ဍ၊ ဒုတိယကမ္ဘာစစ်အမှတ်တရ ၊ ၎င်းသည် မည်သို့သောပုံစံများဖြင့် တည်ရှိသနည်း။

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ဟစ်တလာ၏ မဟာမိတ်ဖြစ်သော ဂျပန်အင်ပါယာမှ သိမ်းပိုက်အုပ်ချုပ်ခံခဲ့ရသည်။ မြန်မာနိုင်ငံသည် ပဋိပက္ခများ၏ အပြင်းထန်ဆုံး ပြဇာတ်များထဲမှ တစ်ခု အပါအဝင် ဖြစ်သည်။ လူနည်းစုများ အပါအဝင် မြန်မာအရပ်သား ပြည်သူများသည် ရက်စက်ကြမ်းကြုတ်မှု များ နှင့် စီးပွားရေးကပ်ဘေးဒုက္ခများကို ခံစားခဲ့ရသည်။  စစ်ပွဲအစတွင် ဗိုလ်ချုပ်အောင်ဆန်း၏လမ်းညွှန်မှု အောက်တွင် ဗမာလူများစုနှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်တို့က သူတို့ကိုလေ့ကျင့်သင်ကြားပေးသော ဂျပန်များကို ထောက်ခံအားပေးခဲ့ကြသည်။ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ အချို့အတွက် ၎င်းအရာသည် ဗြိတိသျှ လက်အောက်မှလွတ်မြောက်ပြီးလွတ်လပ်ရေး ရရှိနိုင်ရန် အခွင့်အရေးတစ်ရပ်ဖြစ်သည်။ သို့သော် လည်း နောက်ပိုင်းတွင် ဤအရာသည် လုပ်သင့်လုပ်ထိုက်ရန်မသင့်ကြောင်း သိရှိလာပြီး တောခိုကာ ဂျပန် တို့ကို ဆန့်ကျင်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၄ ခုနှစ်တွင် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) ကို ဖွဲ့စည်းပြီး မြေအောက်လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည်။

စစ်ပွဲအတွင်း တိုင်းရင်းသားလူနည်းစုများသည် ယေဘုယျအားဖြင့် မဟာမိတ်ဘက်မှပူးပေါင်း တိုက်ခိုက် ခဲ့ကြသည်။ မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်မတိုင်မီ (၁၉၄၈ ခုနှစ်အထိ) ဗြိတိသျှကိုလိုနီ၏ လက်အောက် ခံဖြစ်ခဲ့သည်။ ဗြိတိသျှကိုလိုနီနယ်ချဲ့သမားများသည် ရာထူးအမျိုးမျိုးအတွက် လူနည်းစုများကို မျက်နှာသာ ပေးခဲ့ကြပြီး နောင်နှစ်များတွင် ဗမာလူများစုနှင့် လူနည်းစုများကြား တင်းမာမှုများဖြစ်ခဲ့သည်။ အရှေ့တောင် အာရှတွင် မြန်မာနိုင်ငံသီးသန့် ကိုယ်ပိုင်ကောင်းမွန်စွာ တည်ထောင်ထားသော ဂျူးလူမျိုးများ ရှိပါသည်။ ဂျပန်တို့သည် နိုင်ငံအတွင်း နေထိုင်ကြသောဂျူးလူမျိုးများအပေါ် လွန်လွန်ကဲကဲ လူမျိုးရေး ခွဲခြားမှုများကိုဆန့်ကျင်မလုပ်ဆောင်သော်လည်း ဗြိတိသျှကို သစ္စာစောင့်သိသူများအဖြစ်သဘောထားသေး သောကြောင့် ဂျူးအများအပြား နိုင်ငံမှ ထွက်ခွာခဲ့သည်။ 

လက်ရှိမြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်အောက်မေ့ဖွယ်ရာများနှင့်ပတ်သက်ပြီးပြည်တွင်းရှိ မြန်မာ့ အတွေ့အကြုံများကို မသုံးဘဲ ဗြိတိသျှစစ်တပ်၏သမိုင်းကြောင်းကိုသာ အာရုံစိုက်ကြသည်။ လက်ရှိ ပဋိပက္ခများကို ရည်ညွှန်းသော ဒုတိယကမ္ဘာစစ်နှင့် ပတ်သက်ပြီးအမှတ်ရစရာအဖြစ် အမှတ်ရနေသော တိုင်းရင်းသားလူများစုများနှင့် ကရင်ကဲ့သို့လူနည်းစုတွေဘက်မှလည်း မတူညီသော အမှတ်တရများ ရှိပါသည်။ အဆိုပါအကြောင်းအရာကို ကျယ်ကျယ်ပြန့်ပြန့် မဆွေးနွေးရသေးသလို ရန်ကုန်မြို့ရှိ ပင်မ အမျိုးသားပြတိုက်တွင်လည်း ယခုအချိန်အထိတင်ပြထားခြင်းမရှိသေးပေ။မြန်မာနိုင်ငံရှိ ဒုတိယကမ္ဘာစစ်မှဖြစ်ရပ်များသည် ဥရောပရှိဟိုလိုကော့စ် နှင့်စိတ်ဝင်စားဖွယ် ဆက်စပ်မှုများရှိနိုင်သည်။

ဗမာ့ကြယ်စင်ကျောက်တိုင် ဗမာ့ကြယ်စင်အသင်းကို ၁၉၅၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှ ဗမာ့စစ်မှုထမ်းဟောင်းများအတွက်ရည်ရွယ်သည်။ (ခရက်ဒစ်၊ ဝီကီမီဒီယာ ကွန်မန်း) 

မြန်မာ-ထိုင်း ရထားလမ်း

၁၉၄၂-၄၃ တွင် ဂျပန်တို့သည် မြန်မာ-ထိုင်း မီးရထားလမ်းဟု လူသိများသော မြန်မာ-စီယမ် ရထားလမ်းကို တည်ဆောက်ခဲ့သည်။ မြန်မာနိုင်ငံရှိဂျပန်တပ်များကို ထောက်ပံ့ရန်နှင့် ပင်လယ် ရေလမ်းကြာင်းများကို ရှောင်ရှားရန် ဗျူဟာအတွက်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ဂျပန်စစ်တပ်က မဟာမိတ်စစ်သုံ့ပန်း ၆၀,၀၀၀ ခန့်မှ ဩစတြေးလျနိုင်ငံသား ၁၃,၀၀၀၊ ဒတ်ချ်အများအပြားနှင့် အရပ်သားအများစုဖြစ်သည့် ဗမာနှင့် မလေးလူမျိုး ၂၀၀,၀၀၀ ခန့်အပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်ရန် အတင်းအကြပ် ခိုင်းစေ ခဲ့သည်။ ခက်ခဲသောအခြေအနေများနှင့်ရောဂါများကြောင့် [2] လူအများအပြားသေဆုံးခဲ့ရသည်။အများစုသည် အောက်မေ့ဖွယ်အခမ်းအနားကို၎င်းတို့၏ အစိုးရများနှင့် မိသားစုဝင်များကြောင့် သြစတြေးလျနှင့် ဒတ်ခ်ျစစ်သုံ့ပန်းများကို အဓိကထား လုပ်ဆောင်ကြသော်လည်း အာရှအကျဉ်းသားများကိုမူ သုတသနပြုခြင်းမရှိသောကြောင့် လူသိနည်းခဲ့သည်။[2]

မြန်မာနိုင်ငံရှိ အနည်းငယ်သောဂျူးအသိုက်အဝန်းသည် ရန်ကုန်မြို့တွင် ဟိုလိုကော့စ် နှင့် နစ်နာသူများကို အောက်မေ့ဂုဏ်ပြုသည့်အနေဖြင့် အန်နီဖရန့်ခ်၏ဒိုင်ယာရီ (Anne Frank’s Diary) ကို မြန်မာဘာသာဖြင့် ဘာသာပြန်ပြီးထုတ်ဝေခဲ့သည်။ အရင်ကအန်နီဖရန့်ခ်ဟောက်စ်သည် ရန်ကုန်မြို့မှာ သင်ကြားရေးနဲ့ ဆွေးနွေးပွဲကို ဦးဆောင်နေသော ဦးသန့်ဟောက်စ် U Thant House နဲ့ ပူးပေါင်းပြီး ဒီကနေ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အဓိကစိန်ခေါ်မှုတွေကို အာရုံစိုက်ပြီး ရန်ကုန်မြို့ရှိလူငယ်များ အတွက် အလုပ်ရုံ ဆွေးနွေးပွဲ များ ပြုလုပ်ခဲ့သည်။ ထို့အပြင် ယခင်ကလည်း မြန်မာအစိုးရ၊ ကုလသမဂ္ဂနှင့် ရတ်ဗစ်ရှမ် (Yad Vashem) တို့ ပူးပေါင်း၍ ဟိုလိုကော့စ်အထိမ်းအမှတ် အစီအစဉ်ကိုကျင်းပခဲ့ပြီး ရန်ကုန်မြို့ရှိ လူငယ်များအတွက် ဟိုလိုကော့စ်ဆိုင်ရာနှီးနှောဖလှယ်ပွဲများ ပါဝင်ခဲ့သည်။

 

ဝေဖန်ပိုင်းခြားတွေးခေါ်မှုဆိုင်ရာမေးခွန်းများ

  • ၁။ ဒုတိယကမ္ဘာစစ်ကြီး၏ ဘုံအမှတ်တရအဖြစ်မြန်မာနိုင်ငံသည် စည်းလုံးညီညွတ်သော အမျိုးသားရေး လက္ခဏာ တည်ဆောက်ရေးကိုအထောက်အကူ ပြုပါသလား။
  • ၂။ မြန်မာနိုင်ငံတွင်ကိုလိုနီခေတ်လွန် ပဋိပက္ခများကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်စေရန် သမိုင်းကြောင်း အမှတ်တရများမှ အထောက်အကူပြုနိုင်ပါသလား။
  • ၃။ ဒုတိယကမ္ဘာစစ်၏အောက်မေ့ဖွယ်ရာ ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများသည် ယနေ့မြန်မာ့ဒီမိုကရေစီ ယဉ်ကျေးမှုအတွက် မည်သို့သောအဖိုးတန်ပုံစံမျိုးနှင့် အမှတ်တရဖြစ်စေသနည်း။
2 Defining Moments: Burma–Thailand Railway, National Museum of Australia, Assessed on 3 January 2022 https://www.nma.gov.au/defining-moments/resources/burma-thailand-railway

မြန်မာ-စီယမ် ‘သေမင်းတမန် မီးရထားလမ်း’၊ မြန်မာ (ဗမာ)
(ခရက်ဒစ်၊ ဝီကီမီဒီယာ ကွန်မန်း)

ထောက်ကြန့်စစ်သင်္ချိုင်းသည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတိုက်ပွဲတွင်ကျဆုံးခဲ့သော ဗြိတိသျှမဟာမိတ်တပ်သားများအား ဂူသွင်းမြှုပ်နှံခဲ့သော သင်္ချိုင်းဖြစ်သည်။ ၎င်းသုသာန်သည် ရန်ကုန်မြို့၏မြောက်ဘက် ၂၅ကီလိုမီတာအကွာတွင်ရှိသော ထောက်ကြန့်ကျေးရွာတွင်တည်ရှိသည်။ (ခရက်ဒစ်၊ ဝီကီမီဒီယာ ကွန်မန်း)

၂။ လက်ရှိဟိုလိုကော့စ်အမျိုးအစားများ၊ လူမျိုးတုံးသတ်ဖြတ်မှု ငြင်းဆိုခြင်းနှင့် လိမ်လည်ထွက်ဆိုခြင်း 

ရိုဟင်ဂျာလူမျိုးများကိုလက်မခံခြင်း နှင့် ၎င်းတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ငြင်းဆိုခြင်း၏ လက်ရှိအဖြစ်အပျက်

“ရိုဟင်ဂျာ” (‘Rohingya’) ဟူသော စကားလုံးသည် ရခိုင်ပြည်နယ်တွင်ဘိုးဘွားစဉ်ဆက် နေထိုင်ကြသောမူဆလင် လူမျိုး အနည်းစုများကိုခေါ်ဝေါ်သောဝေါဟာရဖြစ်သည်။ ၁၉၇၄ ခုနှစ် အရေးပေါ်လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ နှင့် ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေကြောင့် နောက်ဆုံးတွင် ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင်နိုင်ငံသား ဖြစ်ခွင့် ငြင်းပယ်ခြင်းခံခဲ့ရသည်။ ရိုဟင်ဂျာအုပ်စုအဖြစ် ၎င်းတို့၏ သမိုင်းဝင်တည်ရှိမှုကို ငြင်းဆိုထားပြီး ဘင်္ဂါလီ (ဘင်္ဂလားဒေ့ရှ်) ဟု မှားယွင်းစွာခေါင်းစဉ်တပ်ခံရသည်။ 

အချို့သော ပညာရှင်များသည် အရေး ပါသော ယဉ်ကျေးမှုအခန်းကဏ္ဍများကို ငြင်းဆိုခဲ့သည်။ ဥပမာအားဖြင့်၊ ဂျပန်နိုင်ငံ၊ ချီဘမြို့ရှိ ကန်ဒါနိုင်ငံ တကာလေ့လာရေးတက္ကသိုလ်(Kanda University of International Studies) မှ ဒေါက်တာအေးချမ်းက ရိုဟင်ဂျာများသည် သီးခြားသမိုင်းဝင်မျိုးနွယ်များဖြစ်ကြောင်း ငြင်းဆိုထားပြီး ၁၉၅၀ နှစ်များ မတိုင်မီ ရိုဟင်ဂျာများကို ရည်ညွှန်းထားသည့် မည်သည့်အထောက်အထားမှမရှိကြောင်း အခိုင်အမာ ပြောဆိုကာ ဆောင်းပါးများစွာကိုလည်းရေးသားခဲ့သည်။ ပြီးခဲ့သည့်နှစ်များအတွင်း ရိုဟင်ဂျာများအပေါ် ကျူးလွန်  ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဖြစ်ရပ်မှန်များကို အာဏာပိုင် များနှင့် မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှအကြီးအကဲများကငြင်းဆိုထားသည်။

နာဇီသင်္ကေတများ

စွာစတီကာ သည် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းများတွင် ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့သော သင်္ကေတ များထဲမှ တစ်ခုဖြစ်သောကြောင့် ဗုဒ္ဓဘာသာအများစုနေထိုင်သော နိုင်ငံတစ်ခုတွင် ၎င်း၏အသုံးပြုမှုသည် အံ့သြစရာ မဟုတ်သောကြောင့်၎င်းသည် နာဇီအယူဝါဒနှင့်ဆက်စပ်မှုမရှိပါ။ သို့သော်လည်း အချို့သော ကိစ္စများတွင် စွာစတီကာ  (နှင့် အခြားထင်ယောင်ထင်မှားဖြစ်နိုင်သောကိုးကားချက်များ) သည် ရှေးဗုဒ္ဓ ဘာသာ သင်္ကေတ များနှင့် မသက်ဆိုင်သော အကြောင်းအရာများတွင်တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံအပေါ် ဒုတိယကမ္ဘာစစ်ကြီး၏ ဆိုးရွားသော အကျိုးသက်ရောက်မှုများရှိသော်လည်း သမိုင်းဝင် ဂျူးအသိုက်အဝန်း နှင့် အစိုးရမဟုတ်သော အစိုးရနှင့် အစိုးရ၏ အချို့သော အစုအပြုံလိုက်သတ်ဖြတ်ခြင်းနှင့် ဟိုလိုကော့စ် ကို အထိမ်းအမှတ်ပြုရန် သင်ကြားပေးမှုများ နှင့် နာဇီသင်္ကေတများကို လူသိရှင်ကြား အသုံးပြုနိုင်သည်။ ဥပမာ အားဖြင့်၊ ဟစ်တလာ၏ မိန်းကန့် (Mein Kampf) မြန်မာဗားရှင်းကို ဝေဖန်ခြင်းများမရှိပဲထုတ်ဝေခဲ့ပြီးဒေသ တွင်းဆိုင်များတွင် တီရှပ်များနှင့် စွာစတီကာ ပါဝင်သောအရာများကိုဝယ်ယူနိုင်ပါသည်။ ဒေါက်တာ ဗရီတာ စရီရာတာနာ (Verita Sriratana) မှနာဇီသင်္ကေတများထင်ပေါ်ကျော်ကြားနေခြင်းသည် အရှေ့တောင် အာရှနိုင်ငံများမှ အာဏာရှင် စစ်ခေါင်းဆောင်များ၏ ကျော်ကြားမှုများနှင့်ဆက်စပ်နိုင်သည်ဟု အကြံပြု ထားသည်။

နာဇီသင်္ကေတများသည် အနောက်တိုင်းတွင် လူသိများသည့် လူငယ်ယဉ်ကျေးမှု၏အခန်းဂဏ္ဍများ တွင်လည်း ပေါ်ပေါက်လာသည်။ လူငယ်များသည် ဟိုလိုကော့စ် သို့မဟုတ် ၎င်းနောက်ကွယ်ရှိ တကယ့် သမိုင်းကြောင်းကို မသိဘဲ၀တ်ဆင်ကြသည်။ မြန်မာနိုင်ငံမှ ထိပ်တန်းပန့်ခ်ရော့ခ်ဂီတအဖွဲ့ဖြစ်သည့် ရေဘယ် ရီရော့တ် ( Rebel Riot ) သည် နာဇီသင်္ကေတများအသုံးပြုမှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ငြင်းဆိုခြင်း ယဉ်ကျေးမှုကို ဆန့်ကျင်ကြောင်းအကြိမ်ကြိမ်ပြောဆိုခဲ့သည်။

Genocide—a song by a punk band from Yangon Rebel Riot

Yangon Rebel Riot.
(Credit: uniteasia.org)

မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူများ ပြင်ဆင်ထားသည့် ဤပိုစတာကို အွန်လိုင်းတွင် ဖြန့်ဝေခဲ့သည်။

ဟစ်တလာ၏ မိန်းကန့် (Hitler’s Mein Kampf) မြန်မာဗားရှင်း (ခရက်ဒစ်၊: Maung Zarni)

၁၉ရာစုတွင်တည်ဆောက်ခဲ့သော စစ်တွေမြို့ရှိ ဂျာမား (Jama) ဗလီဝတ်ပြုကျောင်းဆောင်သည်ရိုဟင်ဂျာများ ရေရှည်နှင့်တရားဝင် နေထိုင်ခွင့် ရရန်ခိုင်ခံ့သောသင်္ကေတတစ်ခုဖြစ်ခဲ့သော်လည်း ၂၀၁၂ခုနှစ်မှစ၍ အာဏာပိုင်များမှ ဝင်ရောက်ခွင့်အားတရားဝင်တားမြစ်ခဲ့သည်။ (ခရက်ဒစ်၊ ရိုနန်လီး) 

Kutupalong and nearby refugee camps, close to Cox’s Bazar, Bangladesh, are now home to more than one million Rohingya refugees.
(Credit: Archive of Ronan Lee)

စစ်တွေမြို့တွင် ရိုဟင်ဂျာများနေထိုင်ရာရပ်ကွက်နှင့် မီတာတစ်ရာအကွာတွင်တည်ရှိသော ယခင်ရိုဟင်ဂျာများ ပိုင်ဆိုင်သော ဆိုင်ခန်းဟောင်းများတွင် ရိုဟင်ဂျာဆန့်ကျင်ရေး ဂရပ်ဖစ်တီများရေးဆွဲခြင်းသည် ယခင် ဂျူးလူမျိုးများ၏ စီးပွားရေးများကို နာဇီတို့ဖျက်စီးခဲ့မှုများအား အမှတ်ရစေသည်။ (ခရက်ဒစ်၊ ရိုနန်လီး) )

လူသားခြင်းစာနာထောက်ထားသော အဖွဲ့အစည်းများသည် ၂၀၁၇ခုနှစ်တွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းထွက်ပြေး လာသော ရိုဟင်ဂျာများအား ပြန်လည်နေရာချထားရေးများကို ကိုင်တွယ်ဖြေရှင်းရာတွင် အခက်အခဲများကြုံတွေ့ ခဲ့ရသည်။  (ခရက်ဒစ်၊ ရိုနန်လီး)

၃။ ဟိုလိုကော့စ်နှင့် လူမျိုးတုံးသတ်ဖြတ်မှု ငြင်းဆိုခြင်းနှင့် လိမ်လည်ထွက်ဆိုခြင်းတို့ကိုဆန့်ကျင် သည့် ကျွန်ုပ်တို့၏လုပ်ဆောင်ချက်များသည် ခေတ်ပြိုင်သမိုင်းထဲမှမည်သို့သောအကြောင်းအရာ များနှင့် သက်ဆိုင်သနည်း။

မြန်မာနိုင်ငံသည်ဂျူးအမွေအနှစ်များနှင့် ဒေသခံအကြမ်းဖက်မှုများကိုခံနိုင်ရည်ရှိခြင်း အပါအဝင်နိုင်ငံ၏ သမိုင်းဆိုင်ရာကွဲပြားမှုများကို ဂုဏ်ယူနိုင်ပါသည်။

ဂျူးလူမျိုးများသည်မြန်မာနိုင်ငံရှိ ဗဟုဝါဒီလူ့အဖွဲ့အစည်း၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ယနေ့မြန်မာနိုင်ငံတွင်  ဂျူးလူမျိုးများသည်အသေးငယ်ဆုံးသော ဘာသာရေးလူနည်းစုဖြစ်ပြီး ဒေသခံ လူမျိုးပေါင်း ၅၂ သန်းတွင်မှ လူဦးရေ နှစ်ဆယ်မျှသာရှိသည်။ သို့သော်လည်း သမိုင်းကြောင်းအရ မြန်မာ နိုင်ငံသည် အရှေ့တောင်အာရှတစ်ခွင်လုံးတွင် ဂျူးလူမျိုးအများဆုံးရှိခဲ့ပြီး လူဦးရေ ၃၀၀၀ အထိ  နေထိုင် ခဲ့ဖူးကြသည်။

မြန်မာနိုင်ငံရှိ ဂျူးအသိုက်အဝန်းအကြောင်း ဆမ်မီဆာမြူရယ် (Sammy Samuels) ၏ ရှင်းလင်း တင်ပြချက်ကို “အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ဖော်ထုတ်ခြင်းနှင့် တန်ပြန်ခြင်း ၊ အရှေ့တောင်အာရှအတွက် သင်ခန်းစာများ”၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် (အင်္ဂလိပ်ဘာသာဖြင့်) ကြည့်ရှုနိုင်သည်။

၁၉ရာစုနှင့် ၂၀ရာစုများအတွင်း ဂျူးလူမျိုးများ မြန်မာနိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်ကြပုံ

(ခရက်ဒစ်၊: https://www.jewishvirtuallibrary.org/myanmar-virtual-jewish-history-tour)

 

မတ်စမီးယား ရေရှုအာဆီနီဂေါ (ဂျူးဘုရားကျောင်း) သည် ရန်ကုန်မြို့ပြအမွေအနှစ် အဆောက်အအုံများ စာရင်း ၁၈၈ခုမှ တစ်ခုအပါအဝင်ဖြစ်သည်။ (ခရက်ဒစ်၊ ဆမ်မီ ဆာမြူရယ် ၏မှတ်တမ်းစု)  

မြန်မာနိုင်ငံမှာ ပထမဆုံး ဂျူးတွေက ဘယ်သူတွေလဲ။

၁၈ ရာစုတွင် အလောင်းဘုရား၏တပ်တွင် စစ်သူကြီးအဖြစ် အမှုထမ်းခဲ့သော ဆော်လမွန်ဂါဘီရို (Solomon Gabirol)  သည် နိုင်ငံအတွင်း ပထမဆုံးလူသိများသော ဂျူးလူမျိုးဖြစ်ပြီး သူသည် အိန္ဒိယဂျူး ဖြစ်သော ဘန်နီ အစ္စရေးမှ ဆင်းသက်လာသူဖြစ်သည်။ နောက်ပိုင်းတွင်မြန်မာနိုင်ငံရှိ ဂျူးအသိုင်းအဝိုင်း အများစု သည် အီရတ်ဂျူးများမှ ဆင်းသက်လာသူများဖြစ်သည်။ ဂလီသီယာ(အရှေ့ဥရောပ၊ ယနေ့ ပိုလန်)၊ ရိုမေးနီးယားနှင့်လည်း ချိတ်ဆက်မှုအချို့ ရှိခဲ့သည်။ ရိုမေးနီးယားမှ ဂျူးကုန်သည် ဂိုးဒန်းဘက် (Goldenberg) သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။ ဂလီသီယာ မှ ဆိုလမွန် ရိန်းမန်း (Solomon Reineman) သည် ၁၈၅၁ ခုနှစ်တွင် ဗြိတိသျှစစ်တပ်အတွက်ထောက်ပံ့သူအဖြစ် ရန်ကုန်သို့ရောက်ရှိလာပြီး နေရာများစွာတွင် စတိုးဆိုင်များအားဖွင့်လှစ်ခဲ့သည်။ သူ၏ မယ်ဆို့ ရှလိုမွန် ‘Masot Shelomo’ (ဆိုလမွန်၏ခရီးသွားခြင်း ၁၈၈၄) တွင် အိန္ဒိယ၊ တရုတ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အခန်းကဏ္ဍများပါရှိပြီး နိုင်ငံ၏ပထမဆုံး ဟေဗြဲအကောင့်ဖြစ်ခဲ့သည်။ တွင် အိန္ဒိယ၊ တရုတ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အခန်းကဏ္ဍများပါရှိပြီး နိုင်ငံ၏ပထမဆုံး ဟေဗြဲအကောင့်ဖြစ်ခဲ့သည်။

သို့သော်လည်း ထိုအချိန်က ဘဂ္ဂဒက်မှ ဂျူးလူမျိုးများ၏ ဇာတ်လမ်းအများစုသာဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းများကြောင့် ရန်ကုန်သည် ၎င်းတို့အတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခု ဖြစ်ခဲ့ခြင်းဖြစ်သည်။ ကာလကတ္တားမှ ကုန်သည်အချို့ သည်ခရီးထွက်‌နေကြသော်လည်း ထိုအချိန်မှာ အခြေ မချသေးကြပါ။ ၁၈၂၀ နောက်ပိုင်းနှစ်များတွင် မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီဖြစ်လာရာမှ အတည်တကျ အခြေချနေထိုင်မှုများစတင်ဖြစ်လာခဲ့သည်။ အမှန်မှာ မြန်မာနိုင်ငံသည် နှစ်ပေါင်း ၁၅၀ကျော် သည်းခံနိုင်ခဲ့ သော နိုင်ငံဖြစ်ပြီး ထိုအချိန်က ဗမာလူမျိုးများသည် ဂျူးလူမျိုးများအတွက် အိမ်ရှင်ကောင်းများ ပီသခဲ့ ကြသည်။ အိန္ဒိယကဲ့သို့ ဇာတ်မျိုးနွယ်စနစ်မရှိသည့်အပြင် ပိုမိုကောင်းမွန်‌သော စီးပွားရေးကိစ္စရပ်များ လုပ်ဆောင်နိုင်သည်။ ၁၉၃၀ ခုနှစ်တွင် နောက်ထပ်ဂျူးဘုရားကျောင်းတစ်ခုကို ထပ်မံတည်ဆောက်ခဲ့သည်။

ရန်ကုန် ဂျူးသုသာန်တွင် သင်္ချိုင်းအုတ်ဂူပေါင်း ၇၀၀ ကျော်ရှိသည်။ (ခရက်ဒစ်၊ ဆမ်မီ ဆာမြူရယ် ၏မှတ်တမ်းစု)   

ထိုဘဂ္ဂဒါဒီဂျူးတွေက ဘယ်သူတွေလဲ။

ဘဂ္ဂဒါဒီဂျူးများသည် ဆက်ဖာဒစ် (Sephardic,) ဟုခေါ်သောအရှေ့တောင်အာရှရှိ လူမျိုးနည်းစုဖြစ်သည်။ အများစုမှာ ဘဂ္ဂဒက် သို့မဟုတ် ဘာစရာမှ ရောက်ရှိလာကြခြင်းဖြစ်သော်လည်း ၎င်းတို့၏ မျိုးရိုးစဉ်ဆက် သည် စပိန်နိုင်ငံ အိုင်ဘေးရီးယန်းကျွန်းဆွယ်မှ ဂျူးလူမျိုးများဖြစ်ပြီး အလယ်ခေတ်တွင် ညှင်းပန်းနှိပ်စက် ခံရခြင်းကြောင့် ပြောင်းရွှေ့လာကြခြင်းဖြစ်သည်။ ထိုအချိန်က အများစုသည် အရှေ့တောင်ဥရောပနှင့် အီရတ်အပါအဝင် အော်တိုမန်အင်ပါယာတွင် အခြေချနေထိုင်ခဲ့ကြသည်။

ဆက်ဖာဒစ်ဂျူးများအကြောင်းပိုမိုလေ့လာသိရှိလိုပါက https://www.myjewishlearning.com/article/who-are-sephardic-jews/ 

မြန်မာနိုင်ငံတွင် အစောဆုံး ဘဂ္ဂဒါဒီ အခြေချနေထိုင်မှုမှာ ၁၈၄၁ ခုနှစ်တွင်ဖြစ်နိုင်‌ချေရှိသည်။

ဂျူးများသည် တစ်နေရာရာသို့ရောက်တိုင်း  သင်္ချိုင်း၊ မစ်ဝေ့(ထုံးတမ်းရေချိုးရန်)၊ ဂျူးဝတ်ပြုရာနေရာ၊ စာလေ့လာရန်နေရာ နှင့် ပညာသင်ကြားရာနေရာဖြစ်‌သော ဆီနီဂေါ တို့ကိုအမြဲတည်ဆောက်ခဲ့သည်။ ဗမာဂျူးအများစုသည် ရန်ကုန်တွင်သာမက မန္တလေး အစရှိသော အခြားနေရာအချို့တွင်လည်း နေထိုင်ကြသည်။ ၁၈၅၇ ခုနှစ်တွင် ရန်ကုန်တွင် ပထမဆုံး မတ်စမီးယား ရေရှုအာ(ဟေဗြဲဘာသာဖြင့် ကယ်တင်ခြင်းသို့) အမည်ရှိ ဂျူးဘုရားကျောင်းကို ထူထောင်ခဲ့သည်။ ပထမပိုင်းတွင် သစ်သားဖြင့် တည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင် ကျောက်တုံးများဖြင့်   ပြန်လည်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ 

အင်္ဂလိပ်အုပ်ချုပ်စဉ်ကာလအတွင်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ ဂျူးလူမျိုးများ၏ ‌အခြေအနေမှာ အဘယ်နည်း။

ဒေါက်တာရုသ်ဖရက်မန်ဆာနီယာ (Ruth Fredman Cernea) ကသူမရေးသားခဲ့သော “ ALMOST ENGLISHMEN: Baghdadi Jews in British Burma” တွင်  ဘဂ္ဂဒါဒီဂျူးလူမျိုးများကို ဗြိတိသျှဘားမားခေတ်တွင် ဗမာလူမျိုးများအထက် အခွင့်အရေးပေးခဲ့သော်လည်း ခရစ်ယာန်များ (ဗြိတိသျှ) နှင့် ကိုလိုနီခေတ် လူ့အဖွဲ့အစည်းများကဲ့သို့ တန်းတူအခွင့်အရေးမရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဂျူးလူမျိုးအသိုင်းအဝိုင်း၏ကွဲပြားခြားနားခြင်းသည်

  • ရှုပ်ထွေးသောဂျူးအထောက်အထားများဖြစ်သောဘဂ္ဂဒါဒီအမွေအနှစ်များ၊မြန်မာသြဇာလွှမ်း မိုးခြင်းခံဂျူးများ၊ ဗြိတိသျှ လက်အောက်ခံ နှင့် ဘာသာစကား အမျိုးမျိုး ပြောဆိုသောဂျူးများ ပါဝင်ခဲ့ကြသည်။ အင်္ဂလိပ်ဘာသာစကား တတ်မြောက်ပြီး ရန်ကုန် သို့မဟုတ် မန္တလေးတွင် ဗြိတိသျှတို့အတွက်အလုပ်လုပ်သောဘန်နီအစ္စရေးအိန္ဒိယဂျူးလူမျိုးအနည်းငယ်လည်း ရှိခဲ့သည်။
  • ဆီဖရိုင်းတိုရာ၊ တော်လ်မစ်တိုရာ၊ ဇီယွန်နစ်အဖွဲ့ နှင့် ပရဟိတ၊ လူမှုအဖွဲ့အစည်းပေါင်း ၁၂၆ဖွဲ့သည် တစ်ချိန်က အသိုက်အဝန်းတွင်ရှိခဲ့သည်။
  • ဂျူးလူမျိုးများသည် ကုန်သွယ်မှု၊ အထည်လိပ်လုပ်ငန်းနှင့် အုပ်ချုပ်ရေးနယ်ပယ်အသီးသီးတွင် ပါဝင်ပတ်သက်ခဲ့ကြသည်။၎င်းတို့တွင်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ် ပေးထားသောနေရာတစ်ခုရှိသည်။၁၉၁၀ခုနှစ်တွင်ကျောင်းသား၂၀၀အထိအမြင့်ဆုံးရှိခဲ့ဖူး သောဂျူးကျောင်းတစ်ကျောင်းအဖွဲ့အစည်းတွင်ရှိခဲ့ဖူးသည်။၁၉၃၀နှစ်များအတွင်းရန်ကုန်တွင် မစ်စတာ ရာဖယ်လ်နှင့် ဒေးဗစ်ဆိုဖရာ အမည်ရှိ ဂျူးမြို့တော်ဝန် နှစ်ဦးရှိခဲ့ဖူးသည်။

အသိုင်းအဝိုင်းမှ ဒေသခံကျောင်းတွေ၊ စာကြည့်တိုက်တွေ၊ ဆေးရုံတွေအတွက် အလှူငွေ အများအပြား လှူဒါန်းခဲ့ခြင်းနှင့်အတူ ဒေသခံ မြန်မာတွေကိုလည်း နည်းမျိုးစုံနဲ့ ကူညီခဲ့ပါသည်။ အမှန်တကယ်တော့ မြန်မာနိုင်ငံမှာ နေထိုင်သွားသော ဘဂ္ဂဒါဒီဂျူးတွေဟာ အခြားအာမေးနီးယန်း၊ အိန္ဒိယနဲ့ တရုတ် အိမ်နီးချင်းတွေနှင့်မတူကျဉ်းမြောင်းသည့်အမျိုးသားစိတ်ဓါတ်မရှိသောကွဲပြားခြားနားသည့်အခြေအနေမျိုးနှင့် နေထိုင်ခဲ့ကြသည်။

ရန်ကန်ရှိ ပထမဦးဆုံး ကိုကာကိုလာစတိုး (ခရက်ဒစ်၊ ဆမ်မီ ဆာမြူရယ် ၏မှတ်တမ်းစု)  

ဂျူးဘာဆင်မြို့တော်ဝန်  (ပုသိမ်) အာအေ ရာဖယ် (ဂျွန်)၊ ၁၉၃၀ – ၁၉၃၇  (ခရက်ဒစ်၊ ဆမ်မီ ဆာမြူရယ် ၏မှတ်တမ်းစု)  

ဒုတိယကမ္ဘာစစ်အတွင်း ဘာတွေဖြစ်ခဲ့သလဲ။

ဂျပန်ခေတ် (၁၉၄၂-၁၉၄၅) ဂျပန်လက်အောက်ခံဖြစ်ခြင်း၏ အကျိုးဆက်ကြောင့် ဂျူးလူမျိုးများသည် ဗြိတိသျှလက်အောက်ခံများအဖြစ်သတ်မှတ်ခံခဲ့ရပြီးမြန်မာနိုင်ငံမှစွန့်ခွာခဲ့ရသည်။ဂျူး၅၀၀လောက်သည် စစ်အပြီးပြန်လာချိန်တွင် မန္တလေးအပါအဝင် တစ်ချို့နေရာများတွင် အိမ်များကို မြန်မာလူမျိုးများမှ သိမ်းပိုက်နေထိုင်နေသည်ကိုတွေ့ရသည်။

တစ်ချိန်တည်းတွင် မပြောင်းမရွှေ့နေထိုင်သူများ သို့မဟုတ် ပြန်ရောက်လာသူများသည် အစ္စရေး-မြန်မာ ဆက်ဆံရေး ထူထောင်ရာတွင် ကူညီပေးခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် လွတ်လပ်သော အစ္စရေးနိုင်ငံအဖြစ် အာရှတွင် မြန်မာနိုင်ငံမှ ပထမဆုံးသောအသိအမှတ်ပြုခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးနုသည်အစ္စရေးနိုင်ငံသို့ သွား‌ရောက်ခဲ့သည့် ပထမဆုံးနိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။ ၁၉၆၁ ခုနှစ်တွင် အစ္စရေးဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်သည် မြန်မာနိုင်ငံတွင် နှစ်ပတ်ကြာ နေထိုင်ခဲ့သည်။ အစ္စရေးခေါင်းဆောင်များဖြစ်သောယစ်ဇတ်ဘန်ဇဗီ၊ဂိုဒါမီယာ၊မိုရှေဒါယန်းနှင့်ရှီမွန်ပီရက်စ်တို့သည် လည်း မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ခဲ့ကြသည်။ သို့သော်လည်း ၁၉၆၂ ခုနှစ်တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒထွန်းကားလာပြီးတိုင်းပြည်စီးပွားရေးယိုယွင်းလာသောကြောင့် ဂျူးအများစုသည် မြန်မာနိုင်ငံမှ ထပ်မံထွက်ခွာခဲ့ရပြန်သည်။ ၎င်းနောက် မြန်မာနိုင်ငံတွင် ကျန်ရှိ‌သောလူနည်းစုများ၏ရပ်တည်ချက်သည်လည်းတိုင်းပြည်စီးပွားရေးကြောင့်ပိုမိုဆိုးရွားလာခဲ့ သည်။ ဂျူးအများစုသည်အစ္စရေး၊ သြစတြေးလျ၊ ယူကေနှင့် အမေရိကန်တို့ထံ ထွက်ခွာသွားကြရာ ယခုခေတ်အချိန်တွင်ရှိနေသောမြန်မာနိုင်ငံရှိဂျူးလူမျိုးများ၏အမျိုးအနွယ်များသည်ဘဂ္ဂဒါဒီ-ဗမာ-ဂျူးလူမျိုးတို့ဖြစ်ပြီး၎င်းတို့၏စရိုက်လက္ခဏာများသည်ထပ်မံလေ့လာရန်စိတ်ဝင်စားဖွယ်ဘာသာဖြစ်နေ သည်။

၁၉၉၅ ခုနှစ် ၊ မေလ ၂၉ရက်နေ့တွင် တဲလ်လဗစ်ဖ်မြို့ရှိ အလန်ဘီလမ်းတွင် ဝန်ကြီးချုပ်ဦးနုအားတွေ့ရစဉ်။ (ခရက်ဒစ်၊ ဆမ်မီ ဆာမြူရယ် ၏မှတ်တမ်းစု)  

၁၉၉၅ ခုနှစ် မေလ ၂၉ရက်နေ့၊ လော့ဒ်လေဆိပ်တွင် မြန်မာနိုင်ငံဝန်ကြီးချုပ်ဦးနုအား ဝန်ကြီးချုပ် မိုရှည် ရှရတ်ဒ် မှကြိုဆိုနှုတ်ဆက်ခဲ့ပုံ။ (ခရက်ဒစ်၊ ဆမ်မီ ဆာမြူရယ် ၏မှတ်တမ်းစု)  

၁၉၆၁ ခုနှစ် မေလ၁ရက်နေ့တွင်  မြန်မာနိုင်ငံဝန်ကြီးချုပ်ဦးနု၏ ဧည့်သည်အဖြစ် ဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန် ရန်ကုန်သို့လာရောက်လည်ပတ်စဉ် ကာလအတွင်း ဗမာအမျိုးသားဝတ်စုံအားဝတ်ဆင်ထားပုံ။  (ခရက်ဒစ်၊ ဆမ်မီ ဆာမြူရယ် ၏မှတ်တမ်းစု)   

ဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန် ရွှေတိဂုံဘုရားသို့ လာရောက်လည်ပတ်ခဲ့ပုံ။ (ခရက်ဒစ်၊ ဆမ်မီ ဆာမြူရယ် ၏မှတ်တမ်းစု)   

ဆာမြူရယ်မိသားစု

သမိုင်းကြောင်းအရ ကျော်ကြားသော ဂျူးမိသားစုပေါင်းများစွာရှိခဲ့ပြီး ဆာမြူရယ်မိသားစုသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။မိုးစက်ဆာမြူရယ်သည်၁၉၇၈ခုနှစ်ကတည်းကဂျူးအသိုက်အဝန်း၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။၎င်းသည်ဇနီး၊သားသမီး သုံးယောက် (သမီးနှစ်ယောက်နှင့် သား ဆာမြူရယ်) နှင့်အတူမတ်စ်မီးယားရေရှုအာဂျူးဘုရားကျောင်းနှင့်အုတ်ဂူပေါင်း၆၀၀ကျော်ရှိ‌သောဂျူးသုသာန် ကိုကြီးကြပ်ခဲ့သည်။ဂျူးဘုရားကျောင်းသည်ရန်ကုန်မြို့တွင်နေထိုင်ဆဲဖြစ်သောဂျူးလူမျိုးများ၊ နိုင်ငံခြားခရီးသွားဧည့်သည်များ၊သံတမန်များနှင့်ပြည်တွင်းနေထိုင်သောနိုင်ငံခြားသားများအတွက် ဖွင့်လှစ်ထားဆဲဖြစ်သည်။နေ့စဉ်လုပ်ငန်းဆောင်တာများအတွက်မင်းယန်” Minyan” ခေါ်ဂျူးအမျိုးသား အရွယ်ရောက်ပြီးသူ၁၀ဦးမပြည့်သော်လည်းဂျူးဘုရားကျောင်းအား ဂျူးလူမျိုးတို့အမှတ်အသား ဖြစ်သောကြောင့်ဆက်လက်တည်ရှိနေပြီးယဉ်ကျေးမှုပေါင်းစုံပွဲများကျင်းပသည့်နေရာ ဖြစ်‌လာသည်။

မိုးစက်ဆာမြူရယ်ကွယ်လွန်ပြီး နှစ်အနည်းငယ်ကြာပြီး‌နောက်၎င်း၏သားဖြစ်သူ ဆမ်မီဆာမြူရယ်သည် လူထုခေါင်းဆောင်ဖြစ်လာခဲ့သည်။၎င်းသည်နယူးယောက်တွင်နေထိုင်ပြီးရက်ရှီဗားတွင်ပညာသင်ကြားခဲ့သော်လည်း ဂျူးရိုးရာဓလေ့ထုံးတမ်းစဉ်လာကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် မြန်မာပြည်သို့ ပြန်လာခဲ့သည်။ ထိုရည်ရွယ်ချက်ကြောင့် ၂၀၀၆ ခုနှစ်တွင် သူသည် ဂျူးမြန်မာယဉ်ကျေးမှု ကို မြှင့်တင်ရန်အတွက်ရှလွန်းခရီးသွားအေဂျင်စီကိုလည်းတည်ထောင်ခဲ့သည်။၎င်းနှင့်အတူအခြားဂျူး လူမျိုးအချို့၏ကျေးဇူးကြောင့် အသိုင်းအဝိုင်းသည် အချိန်တိုအတွင်း နိုင်ငံတကာ၏စိတ်ဝင်စားမှုကို ရရှိနိုင်ရန် လှုံ့ဆော်နိုင်ခဲ့သည်။ ထို့နောက်မြန်မာဂျူးအသိုက်အဝန်းသည် ယူရို-အာရှ-ဂျူးကွန်ဂရက်နှင့် အခြားဂျူးအဖွဲ့အစည်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။ 

မြန်မာနိုင်ငံသည် မီးလောင်တိုက်သွင်းခြင်း (ဟိုလိုကော့စ်) ဆိုင်ရာ အချက်အလက်များကို ကျောင်းသင်ရိုးညွှန်းတမ်းတွင် အနည်းအကျဉ်းသာ ဖော်ပြ‌ထားသော်လည်း မြန်မာသည် ၎င်း ဟိုလိုကော့စ်အကြောင်းအရာကိုကျောင်းစာတွင်ဖော်ပြသည့်တစ်ခုတည်းသော အရှေ့တောင်အာရှရှိနိုင်ငံ ဖြစ်သည်။ထို့ကြောင့်ဂျူးအသိုက်အဝန်းသည်မြန်မာလူမျိုးများအကြားမတူညီကွဲပြားသောသမိုင်း အကြောင်းကိုသိရှိနိုင်စေရန်အတွက်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဆိုင်ရာဟိုလိုကော့စ် အထိမ်းအမှတ် နှင့်  ပညာပေး‌ဟောပြောပွဲများ ကျင်းပခြင်းကို လုပ်ဆောင်ခဲ့သည်။

ဆမ်မီ ဆာမြူရယ်၊ မြန်မာနိုင်ငံ၏ဂျူးလူမျိုး အသိုင်းအဝိုင်းအား ဦးဆောင်သူ။ (ခရက်ဒစ်၊ ဆမ်မီ ဆာမြူရယ် ၏မှတ်တမ်းစု)  

ဗမာဂျူးမိသားစု (ခရက်ဒစ်၊ ဆမ်မီ ဆာမြူရယ် ၏မှတ်တမ်းစု)  

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အောင်ဆန်းစုကြည်၏နေအိမ်၌ကျင်းပသော ဘာသာပေါင်းစုံအခမ်းအနား။

“နှစ်စဉ် ဇန်နဝါရီ ၂၇ ရက်နေ့တိုင်း မီးလောင်တိုက်သွင်းခြင်း ဟိုလိုကော့စ် နေ့အထိမ်းအမှတ်ပွဲတွေကို ရန်ကုန်တက္ကသိုလ်နဲ့ တခြားတက္ကသိုလ်များ မှ ကျောင်းသား ၃၀၀ ကနေ ၄၀၀ လောက်အထိ ဖိတ်ခေါ်ပြီးကျင်းပတယ်။ ကျွန်တော်တို့က ကျောင်းသားတွေကို ဂျူးဘုရားကျောင်းအားခေါ်ပြပြီး တော့ ဂျူးအယူဝါဒများအားရှင်းပြပေးပါတယ်။ ထို့အတူဘဲ အနီးအနားရှိ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း နှင့် ဗလီများသို့ ခေါ်ဆောင်ပြသပေးတယ်။ ကျောင်းသားအများစုရဲ့ ပထမဦးဆုံး အကြိမ်ဖြစ်‌ တာများတယ်။”

ဟုဂျူးအသိုက်အဝန်း၏ခေါင်းဆောင် ဆမ်မီဆာမြူရယ်ကရှင်းပြသည်။

ရန်ကုန် စီနီဂေါ၊ ဂျူးဘုရားကျောင်းရှိ ဧည့်သည်တော်များ။ (ခရက်ဒစ်၊ ဆမ်မီ ဆာမြူရယ် ၏မှတ်တမ်းစု)   

ရန်ကုန် စီနီဂေါ၊ ဂျူးဘုရားကျောင်းရှိ ဧည့်သည်တော်များ။ (ခရက်ဒစ်၊ ဆမ်မီ ဆာမြူရယ် ၏မှတ်တမ်းစု)   

ရန်ကုန် စီနီဂေါ၊ ဂျူးဘုရားကျောင်းရှိ ဧည့်သည်တော်များ။ (ခရက်ဒစ်၊ ဆမ်မီ ဆာမြူရယ် ၏မှတ်တမ်းစု)   

“ကျွန်တော်တို့ နှစ်စဉ်ကျင်းပတဲ့ ကမ်ပိန်းဟာ မီးလောင်တိုက်သွင်းခြင်း‌ ဟိုလိုကော့စ်  တစ်ခုတည်း နဲ့ ပတ်သက်တာ မဟုတ်ဘဲ လက်ရှိဖြစ်ပေါ်နေသည့် နှိပ်စက်ညှဉ်းပန်းခံနေရသော မြန်မာနိုင်ငံမှ တိုင်းရင်းသား လူနည်းစုတွေကို အာရုံစိုက်စေချင်ပါတယ်။ ကျွန်တော်တို့ကသူတို့ကိုယ်စား ပြောပြဖော်ဆောင်နေခြင်းဘဲ”

ဟုဂျူးအသိုက်အဝန်း၏ခေါင်းဆောင် ဆမ်မီဆာမြူရယ်က ပြောကြားခဲ့ပါသည်။

ဝေဖန်ပိုင်းခြားတွေးခေါ်မှုဆိုင်ရာမေးခွန်းများ

  • ၁။ မြန်မာနိုင်ငံရှိ လူမျိုးအနည်းစုနှင့်ပတ်သက်၍ လက်ရှိအသိပညာနှင့် လူထုဟောပြောချက်မှ အဘယ်အရာများ လိုအပ်နေသနည်း။
  • ၂။ မြန်မာပြည်တွင် ဗဟုဝါဒီ၊ စိတ်သဘောထား ပွင့်လင်းပြီး သည်းခံနိုင်သော လူ့အဖွဲ့အစည်းကို ဖန်တီးနိုင်ရန်အတွက် ဂျူးလူမျိုးတို့၏ အမွေအနှစ်ကို မည်သို့အသုံးချနိုင်မည်နည်း။
  • ၃။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်း လေ့လာရာတွင် ဟိုလိုကော့စ်အတွေ့အကြုံမှ ဘယ်လိုဆက်စပ်လုပ်ဆောင်နိုင်မည်နည်း။

ပြည်တွင်းခုခံမှုများ

မြန်မာနိုင်ငံမှာ စိတ်ဝင်စားစရာ အကောင်းဆုံး လူ့အခွင့်အရေး အသိပညာပေး လှုပ်ရှားမှုတွေထဲမှ ထင်ရှားသည့် တခုသည် နှင်းဆီဖြူကမ်ပိန်း “ White Rose Campaign” ဖြစ်သည်။  မြန်မာနိုင်ငံအတွင်း ဘာသာပေါင်းစုံ သဟဇာတဖြစ်မှုနဲ့  ငြိမ်းချမ်းရေးကို ဖြန့်ကျက်ပြီး ရိုဟင်ဂျာတွေ အပါအဝင် မွတ်စလင် လူနည်းစုတွေနဲ့ စည်းလုံးညီညွတ်မှုကို ပြသစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဗလီများအနီးတွင် နှင်းဆီ ဖြူများ ကို ဗုဒ္ဓဘာသာဝင်များက မွတ်ဆလင်များထံ ပေးပြီး ဆုတောင်းပေးကြသည်။ ၂၀၁၉ခုနှစ် မေလ ၁၄ ရက်မှ ၁၅ ရက်အထိ ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ မွတ်စ်လင်နယ်မြေ ၃ နေရာတွင် အမျိုးဘာသာရေး ဆန်သော ဗုဒ္ဓဘာသာ ဘုန်းကြီးအချို့  ဦးဆောင်ပြီး ယာယီဆုတောင်းပွဲများကို ပိတ်ပစ်ကြသည်။ ၎င်းနောက် မကြာမီတွင် ဘာသာပေါင်းစုံ တက်ကြွလှုပ်ရှားသူများက နှင်းဆီဖြူလှုပ်ရှားမှုကို စတင်ခဲ့ကြသည်။ နှင်းဆီဖြူ လှုပ်ရှားမှုကို ဗုဒ္ဓဘာသာဆရာတော်ဖြစ်သော အရှင်စိန္ဒိတ နှင့် အခြားဘာသာရေး ခေါင်းဆောင် များမှ အစပြု လှုပ်ရှား ခဲ့ကြသည်။ ရန်ကုန်မြို့တွင် စတင်လုပ်‌ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်း၊ မော်လမြိုင်၊ မန္တလေး၊ ပဲခူး၊ နေပြည်တော် နှင့် ပြည်မြို့များသို့ လျင်မြန်စွာ ပျံ့နှံ့ခဲ့ပါသည်။

“ Synergy – Social Harmony Organization” ၏တည်ထောင်သူ အမှုဆောင် ဒါရိုက်တာ သက်ဆွေဝင်း က ကမ်ပိန်းအကြောင်း ပြောပြခဲ့သည်။

မြန်မာနိုင်ငံမှ ခေတ်ပြိုင် နှင်းဆီဖြူ လှုပ်ရှားမှုသည် ၁၉၄၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော နာဇီကျောင်းသား ဆန့်ကျင်ရေး အဖွဲ့ White Rose ၏ သင်္ကေတအားနမူနာယူလှုံ့ဆော်ခဲ့သည်။ ၎င်းမြေအောက် လှုပ်ရှားမှုသည် ဂျာမနီရှိ နာဇီအစိုးရကို ဆန့်ကျင်သည့် နည်းလမ်းအဖြစ် အကြမ်းမဖက် တော်လှန်ရေးကို မြှင့်တင်ခဲ့ခြင်းဖြစ်သည်။

နှင်းဆီဖြူလှုပ်ရှားမှုကို ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံရှိ အခြားမြို့များတွင် ပြုလုပ်ခဲ့ပုံ  (ခရက်ဒစ်၊ သက်ဆွေဝင်း၏မှတ်တမ်းစု)

The German White Rose group:

  • produced leaflets encouraging Germans to join them in resisting the Nazi regime
  • disseminated the leaflets to addresses selected randomly from telephone books, at universities, and other places
  • scrawled the words, ‘Down with Hitler’ and ‘Freedom’ on walls across Munich.

This story can serve as an interesting starting point for teaching the Holocaust with contemporary references to Myanmar and Southeast Asia.
Learn more about the White Rose anti-Nazi student opposition movement:
https://encyclopedia.ushmm.org/content/en/article/white-rose

Heinrich Böll Stiftung Cambodia ၏ ဒါရိုက်တာ Ali Al-Nasani သည် ကမ္ဘောဒီးယားလူမျိုးများအား နှင်းဆီဖြူလှုပ်ရှားမှုဇာတ်လမ်းကို ၂၀၁၉ခုနှစ်တွင် မျှဝေခဲ့သည်။ (မှီငြမ်း၊ ၊ NEVER AGAIN အသင်းအဖွဲ့)

၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်ကလေးများနှင့်အတူ မြန်မာ့နှင်းဆီဖြူလှုပ်ရှားမှု တီရှပ်ကို ဝတ်ဆင်ထားသည့် ရာဖယ်ပန်ကော့ဖ်စကီ (Rafal Pankowski) ((မှီငြမ်း၊ ၊ NEVER AGAIN အသင်းအဖွဲ့)

ဝေဖန်ပိုင်းခြားတွေးခေါ်မှုဆိုင်ရာမေးခွန်းများ

  • ၁။ ယနေ့ လူနည်းစုတိုင်းရင်းသားများအပေါ် အကြမ်းဖက်မှုနှင့် မုန်းတီးမှုကို ဆန့်ကျင်ရန်အတွက် နည်းလမ်းများနှင့် ကိရိယာများသည် အဘယ်နည်း။
  • ၂။ ဂျာမနီနိုင်ငံမှ နှင်းဆီဖြူတော်လှန်ရေးအဖွဲ့သည် ယနေ့မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများမှ လူငယ်များအတွက် ယခုအချိန်ထိ စံနမူနာအဖြစ် အဘယ်ကြောင့် ရပ်တည်နိုင်သနည်း။

Thank you for taking the time to give us feedback on this online exhibition. Please share your thoughts, reflections and comments on this. We appreciate your cooperation.

Supported by