ထိုင်း -မြန်မာ မီးရထားစင်တာသည် အရှေ့တောင်အာရှရှိ ယခင်စစ်သုန့်ပန်းများ(ထိုင်း -မြန်မာ မီးရထားဖောက်လုပ်သူအများစု) ၏ ဘာသာရပ်ကိုသုတေသနပြုရာတွင်ပါဝင်သည်။ (မှီငြမ်း ၊ ထိုင်း -မြန်မာ မီးရထားစင်တာ)
၁။ နောက်ခံဖြစ်ရပ် နှင့် အကြောင်းအရာ
ထိုင်းနိုင်ငံ၏ ခေတ်သစ်သမိုင်းကြောင်းနှင့် အစုလိုက်အပြုံလိုက် အကြမ်းဖက်မှုများ၏ အခြေခံအကြောင်းအရာ အချက်အလက်များ
ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၌ ကိုလိုနီပြုခြင်းမခံခဲ့ရဖူးသည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်သည်။ ယင်းနိုင်ငံအနေဖြင့် ၎င်း၏ သက်ဦးစံပိုင်ဘုရင်စနစ်ကို ၁၉၃၂ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ ထိုအချိန်မှစ၍ ယနေ့ထိ ‘ထိုင်းနိုင်ငံ၌ ပဋိဉာဉ်စာတမ်းနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှစ်ဆယ်၊ အာဏာသိမ်းမှု ဆယ့်နှစ်ကြိမ် နှင့် စစ်အုပ်ချုပ်ရေးသက်တမ်း ၃၄ နှစ် ရှိနှင့်ခဲ့ပြီး ဖြစ်သည်’။ အဆိုပါဖြစ်ရပ်များဖြင့် စစ်တပ်သည် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအစပျိုးမှု၏ အဓိကအစိတ်အပိုင်း တစ်ခုအဖြစ် နေရာယူထားခဲ့ပါသည်။ အကြမ်းဖက်ဖြစ်ရပ်အများစုမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ပြည်သူများ၏ ဆန္ဒဖော်ထုတ်မှုများအပေါ် အာဏာပိုင်များ၏ ဆန့်ကျင်မှုများနှင့် ဆက်စပ်နေခဲ့သည်။ ဆန္ဒဖော်ထုတ်မှုများနှင့် ယင်းတို့၏ အမွေအနှစ်များကို ထိုင်းလူထုဟောပြောပွဲများတွင် ဆွေးနွေးငြင်းခုံကြလေ့ရှိကြသည်။ ယင်းအကြောင်းအရာများ၌ အောက်ပါတို့ပါဝင်သည်-
- ပြည်နှင်ဒဏ်ခံ စစ်အာဏာရှင်ဟောင်း သနွန်ခစ်သီခစ်ကျောန် (Thanom Kittikachorn) ပြည်တော်ပြန်ဝင်လာခြင်း အပေါ် ဆန့်ကျင်သည့်ဆန္ဒပြပွဲကြီး၏နောက်ဆက်တွဲအနေဖြင့် ၁၉၇၆ခုနှစ်၊အောက်တိုဘာလ ၆ ရက်နေ့တွင် သမ္မဆက်တက္ကသိုလ် (Thammasat University ) လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့သည်။ ဆန္ဒပြကျောင်းသားများအနေဖြင့် လက်ယာယိမ်းအကြမ်းဖက်အုပ်စု၏ တိုက်ခိုက်သတ်ဖြတ်မှုကို ခံခဲ့ရသည်။ ယင်း၏ရလဒ်အဖြစ် ကျောင်းသားအနည်းဆုံး လေးဆယ့်ခြောက်ဦးအထိ အသက်ဆုံးရှုံးခဲ့ရပြီး အများစုမှာ ထိခိုက်ဒဏ်ရာများဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ အဆိုပါ အကြမ်းဖက်ဖြစ်ရပ်အတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ တာဝန်ခံစေခြင်း(သို့မဟုတ်)အပြစ်ပေးခံရစေခြင်းမျိုး မရှိခဲ့ပေ။ ၁၉၇၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ ဘန်ကောက်မြို့ရှိ သမ္မဆက်တက္ကသိုလ် ( Thammasat University) တွင် သေဆုံးမှု အောက်မေ့ဖွယ် အထိမ်းအမှတ် (မှီငြမ်း ၊ ဝီကီမီဒီယာ ကွန်မန်း)
- သွေးစွန်းသော မေ ၁၉၉၂– ဒီမိုကရေစီလိုလားသူများ၏ ဆန္ဒပြပွဲကြီးများအား အကြမ်းဖက်နှိမ်နင်းသော နောက်ထပ်ဥပမာတစ်ခုဖြစ်သည်။
- တောင်ဘက်စွန်းဒေသ ပဋိပက္ခ (The Deep South conflict) ထိုင်းနိုင်ငံသည် ဗုဒ္ဓဘာသာကြီးစိုးသော နိုင်ငံဖြစ်သည်။ နိုင်ငံနယ်နိမိတ်ကို ကျော်လွန်သည့် ဗုဒ္ဓဘာသာဝင်အများအပြားမှလည်း နားလည်လက်ခံထားသည့်အချက်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုင်းနိုင်ငံရှိ လူမျိုးများသည် စုံလင်ကွဲပြားကြပြီး အမျိုးမျိုးသော မျိုးနွယ်စုများနှင့် တိုင်းရင်းသားအုပ်စုများ- မှုံ(Hmong)၊ ကရန်း(Karen)၊ မလေးမူစလင်(Muslim Malays) နှင့် အခြားသောအုပ်စုများ စသဖြင့် ပါဝင်ကြသည်။ မူစလင်လူမျိုးများသည် ထိုင်းနိုင်ငံ၏တောင်ဘက်ပိုင်း (တောင်ဘက်စွန်းဟု ခေါ်တွင်သောနေရာ)တွင် နေထိုင်ခဲ့ကြပြီး ယင်းသည် မလေးရှားနိုင်ငံတို့ ထိစပ်နေသော ပတာနီ(Pattani) ၊ ရာလာ(Yala) ၊ နာရာထီဝဘ် (Narathiwat) ပြည်နယ်များ ဖြစ်သည်။ မူစလင်လူမျိုးများသည် အဆိုပါဒေသများ၌ နှစ်ပေါင်းရှည်ကြာစွာ နေထိုင်လာခဲ့ကြခြင်း ဖြစ်သည်။ တောင်ဘက်စွန်းဒေသ၏ ကာလကြာရှည်သော ပဋိပက္ခသည် အလွန်အကဲဆတ်ပြီး စိတ်ခံစားချက် ပြင်းထန်သော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ယင်းတွင် တိုင်းရင်းသားနှင့်ဘာသာရေးကွဲပြားမှုများအပြင်၊ ထိုင်းဗုဒ္ဓဘာသာဝင်ဖြစ်တည်မှုနှင့် အလားတူ ၎င်းတို့၏ကိုယ်ပိုင်ဖြစ်တည်မှုကို ထိန်းသိမ်းလိုသော မလေးမူစလင်လူမျိုးများနှင့် ထိုင်းဗုဒ္ဓဘာသာအုပ်ချုပ်မှုအကြား နိုင်ငံရေးပဋိပက္ခကဲ့သို့သော အစိတ်အပိုင်းများ ပါဝင်သည်။ ယင်းဒေသအနေဖြင့် တင်းမာမှုများ၊ အကြမ်းဖက်မှုနှင့် နိုင်ငံတော်ပုန်ကန်မှုများကို ကြုံတွေ့ခဲ့ရသည်။ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် နာရာထီဝဘ်ပြည်နယ်၊ သက်ဘိုင်ဒေသ၌ သက်ဘိုင် (Tak Bai Incident) ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ မူစလင်ဦးရေ ၁,၅၀၀ ခန့်သည် ၎င်းတို့လူမျိုးများအား ထိန်းသိမ်းဖမ်းဆီးထားမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြလူအုပ်မှ ရဲများထံ ကျောက်တုံးများဖြင့် ပစ်ပေါက်မှုအား သေနတ်ပစ်ဖောက်၍ ပြန်လည်တုံ့ပြန်မှုကြောင့် ဆန္ဒပြမှုသည် အထိကရုန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ ရှစ်ဆယ့်ငါးဦးသော မူစလင်များနှင့် ဗုဒ္ဓဘာသာဝင်များသည် စစ်အခြေစိုက်စခန်းသို့ ပို့ဆောင်ရာလမ်းခရီး၌ အသက်ရှူကျပ်မှုနှင့် ထိခိုက်ဒဏ်ရာများကြောင့် သေဆုံးခဲ့ကြသည်။ ယခုတစ်ဖန် အကြမ်းဖက်ဖြစ်ရပ်အတွက်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ တာဝန်ခံစေခြင်းမျိုး မရှိချေ
- ၁၉၇၃ ခုနှစ် ကျောင်းသားသပိတ်များက စစ်အစိုးရနှုတ်ထွက်ရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ထွက်ပေါ်ရေးကို တောင်းဆိုခဲ့သည်။ အစိုးရက ဆန္ဒဖော်ထုတ်သူများကို သေနတ်ဖြင့်ပစ်ရန် စစ်တပ်အား အမိန့်ပေးခဲ့သည်။ စုစုပေါင်းအနေဖြင့် ဆန္ဒဖော်ထုတ်သူ ခုနှစ်ဆယ့်ခုနှစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဆယ်ဦးဒဏ်ရာ ရရှိခဲ့သည်။ ၁၉၇၄ ခုနှစ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ပြဋ္ဌာန်းခဲ့ပြီး စစ်အာဏာရှင်စနစ် ကျဆုံးခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် သတ်မှတ်ခဲ့သော အာရှတိုက်ရှိ ပဋိပက္ခနှင့် အကြမ်းဖက်မှု အခြေအနေ, https://asiafoundation.org/wp-content/uploads/2017/10/Thailand-StateofConflictandViolence.pdf
၁၉၇၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ ဘန်ကောက်မြို့ရှိ သမ္မဆက်တက္ကသိုလ် ( Thammasat University) တွင် သေဆုံးမှု အောက်မေ့ဖွယ် အထိမ်းအမှတ် (မှီငြမ်း ၊ ဝီကီမီဒီယာ ကွန်မန်း)
ဝေဖန်ပိုင်းခြားတွေးခေါ်မှုဆိုင်ရာ မေးခွန်းများ
- ၁။ အတိတ်မှ စစ်အစိုးရအုပ်ချုပ်မှု အတွေ့အကြုံသည် လူမျိုးစုများအကြား ငြိမ်းချမ်းရေးဆိုင်ရာ ထိုင်းနိုင်ငံ၏တိုးတက်မှုအပေါ် မည်ကဲ့သို့သက်ရောက်မှု ဖြစ်နိုင်ပါသနည်း။
- ၂။အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ယခင်က လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိရန် လိုအပ်ပါသလား။
သမိုင်းကြောင်းဆိုင်ရာ အချက်အလက်ဖြစ်သော အောက်မေ့ဖွယ်ရာ အဓိကအစိတ်အပိုင်းများ
အောက်တိုဘာ ၆ ရက်နေ့ ပြတိုက်စီမံကိန်း – မှတ်တမ်းမှတ်ရာ၊ မော်ကွန်းတိုက်များ ကဲ့သို့သော အောက်မေ့ဖွယ်ဖြစ်ရပ်များအား ဆွေးနွေးငြင်းခုံခြင်းဆိုင်ရာ အစိုးရမဟုတ်သော စီမံကိန်း အတော် များများကို ထိုင်းနိုင်ငံတွင် တွေ့ရှိနိုင်သည်။ ယင်းစီမံကိန်းကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ပြီး သမ္မဆက်တက္ကသိုလ်(Thammasat University) တွင် ခင်းကျင်းပြသသည့် ပြခန်းတစ်ခုလည်း ပါဝင်သည်။ ဓာတ်ပုံများနှင့် အသံဖိုင်များမှတစ်ဆင့် ၁၉၇၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် အကြောင်းအရာကို ယင်းဖြစ်ရပ်အား ကိုယ်တိုင်မြင်တွေ့ခဲ့ရသော နိုင်ငံတော်အကြမ်းဖက်မှု သားကောင်တစ်ဦးချင်းစီ အဓိကအားဖြင့် ကျောင်းသားများ၏ ရှုထောင့်မှ ပုံဖော်ထားသည်။ ထိုင်းနိုင်ငံ၏ ပစ္စုပ္ပန်နှင့်အတိတ်ကာလမှ အရေးကြီးသည့်အကြောင်းအရာများကို ထင်ဟပ်မှုနှင့် ဆွေးနွေးမှုများပြုလုပ်ရန်အတွက် လုံခြုံသောနေရာတစ်ခုလည်း ဖြစ်သည်။ ပြပွဲ၌ ဆွေးနွေးမှုများ၊ ရုပ်ရှင်ပြပွဲများ၊ သရုပ်ပြဖျော်ဖြေမှုများနှင့် Rap Against Dictatorship နှင့် the Commoner Band တို့၏ ဂီတဖျော်ဖြေမှုများ ပါဝင်သည်။
- အောက်တိုဘာ ၆ ရက်နေ့ ပြတိုက်စီမံကိန်း နှင့် ပြပွဲအကြောင်းအား ပိုမိုဖတ်ရှုရန်နှင့် နောက်ထပ်ဓာတ်ပုံများကြည့်ရှုရန်- သမ္မဆက်တက္ကသိုလ် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အောက်မေ့ခြင်း Thammasat University massacre remembered.
- ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် NEVER AGAIN Association မှ စီစဉ်သောစာတမ်းဖတ်ပွဲ၌ အောက်တိုဘာ ၆ ရက်နေ့ ပြတိုက်စီမံကိန်းအကြောင်း Patporn (Aor) Phoothong ၏တင်ပြမှု presentation(ထိုင်းဘာသာဖြင့်)ကို ကြည့်ရှုရန်။ Patporn Phoothong သည် အတိတ်ကာလနိုင်ငံရေးအကြမ်းဖက်မှုများနှင့် လက်ရှိအကြမ်းဖက် ပဋိပက္ခများ၏ ပြတိုက်များနှင့် မော်ကွန်းတိုက်များအား အဓိကလေ့လာနေသူ သုတေသီ တစ်ဦးဖြစ်သည့်အပြင် စီမံကိန်းခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည်။
အဖွဲ့အစည်းတစ်ခုအနေဖြင့် ပဋိပက္ခကို ကိုယ်စားပြုသော အထူးသဖြင့် သက်ဘိုင် (Tak Bai Incident) ဖြစ်ရပ်မျိုးကဲ့သို့သောနေရာ၌ လူမှုနိုင်ငံရေး အများပြည်သူဆိုင်ရာနေရာတစ်ခုအား တည်ဆောက်ရေး ကြိုးပမ်းမှုအဖြစ် တောင်ဘက်စွန်းပြတိုက်နှင့် မော်ကွန်းတိုက်များကို ဖန်တီးရန် ကြိုးစားနေခြင်းဖြစ်သည်။ ယင်းအဖွဲ့အစည်းသည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပဋိပက္ခဒဏ်ခံစားနေရသော ဒေသခံအသိုက်အဝန်းများ အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ပေါင်းစည်းရေးနှင့် အတူ ယှဉ်တွဲရေးတို့ကိုလည်း မြှင့်တင်ဖော်ဆောင်ပေးသည်။
၁၉၇၆ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့ပြတိုက်သို့ အလည်အပတ်ခရီးစဉ်။ (မှီငြမ်း ၊ အောက်တိုဘာ ၆ ရက်နေ့ ပြတိုက်စီမံကိန်း မှတ်တမ်းစု )
စာရေးသူများအနေဖြင့် ချဲ့ထွင်ထားသောသရုပ်မှန်နည်းပညာဖြင့် အဖြစ်အပျက်များကို ပြသနေပုံ။ (မှီငြမ်း ၊ အောက်တိုဘာ ၆ ရက်နေ့ ပြတိုက်စီမံကိန်း မှတ်တမ်းစု)
နစ်နာသူများ၏ ပိုင်ဆိုင်မှုပစ္စည်းများ (မှီငြမ်း ၊ အောက်တိုဘာ ၆ ရက်နေ့ ပြတိုက်စီမံကိန်း မှတ်တမ်းစု )
‘ဂိတ်တံခါးနီ’ (Red Gate) သက်သေ။ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့၌ သေဆုံးသူနှစ်ဦးကို ဂိတ်တံခါး၌ ဆွဲကြိုးချရက်သားမြင်တွေ့ခဲ့ပုံ၊ ယင်းဖြစ်ရပ်မတိုင်မီ အဆိုပါသူများသည် စစ်အာဏာရှင်ပြည်တော်ပြန်လာမှုကို ဆန္ဒပြသည့်ပိုစတာများ ဖြန့်ဝေခဲ့။ (မှီငြမ်း ၊ အောက်တိုဘာ ၆ ရက်နေ့ ပြတိုက်စီမံကိန်း မှတ်တမ်းစု)
ဝေဖန်ပိုင်းခြားတွေးခေါ်မှုဆိုင်ရာ မေးခွန်းများ
- ၁။ အတိတ်မှ လူ့အခွင့်အရေးချိုးဖောက်မှု အောက်မေ့ပွဲများသည် ခေတ်ပြိုင်ဒီမိုကရက်တစ် ယဉ်ကျေးမှုအပေါ် မည်ကဲ့သို့ အထောက်အကူပြုသနည်း။
- ၂။ နစ်နာသူများ၏ပိုင်ဆိုင်မှုပစ္စည်းများသည် ရက်စက်ကြမ်းကြုတ်မှုများကို ငြင်းဆိုခြင်းနှင့် အမှန်တရားကို ပုံဖျက်ခြင်းများကို တန်ပြန်ရာ၌ မည်မျှအရေးပါသနည်း။
ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍ၊ ဒုတိယကမ္ဘာစစ်အမှတ်တရ၊ မည်သို့သောပုံစံများဖြင့် တည်ရှီသနည်း။
ထိုင်းနိုင်ငံ (၁၉၃၉ ခုနှစ်အထိ စီယမ်(Siam)ဟု သိခဲ့ကြသော) သည် ဂျပန်စစ်တပ်များ ဝင်ရောက်ကျူးကျော်ခြင်းခံရသည့် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ မတိုင်ခင်ထိ ကြားနေနိုင်ငံတစ်ခု ဖြစ်ခဲ့သည်။ အနည်းငယ် ခုခံခဲ့ပြီးနောက် ဂျပန်နှင့် မဟာမိတ်ဖွဲ့ခဲ့ပြီး ၎င်း၏ ကြိုးဆွဲရာစေသည့် ရုပ်သေးနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၌ ထိုင်းနိုင်ငံသည် မဟာမိတ်နိုင်ငံများအပေါ် စစ်ကြေညာခဲ့သည်။
ထိုင်းနိုင်ငံ၏သမိုင်းစာအုပ်များ၌ ဒုတိယကမ္ဘာစစ်ကို ဖော်ပြခဲ့ပြီး၊ အထိမ်းအမှတ်ကျောက်တိုင် အများအပြား စိုက်ထူထားရှိသော်လည်း လူထုဟောပြောပွဲများတွင် သိသိသာသာ မှေးမှိန်စေခဲ့သည်။ စစ်အတွင်း ထိုင်းနိုင်ငံပါဝင်မှု၏ သမိုင်းဆိုင်ရာ အမှတ်တရများနှင့် ကဏ္ဍအများအပြားကို နှုတ်ဆိတ်နေခဲ့ပြီး၊ လူထုသို့ချပြခြင်းများ၊ ငြင်းခုံဆွေးနွေးခြင်းများလည်း ပြုလုပ်လေ့မရှိချေ။ ယင်းသို့သော အကြောင်းအရာများတွင် စစ်အတွင်း၌ ထိုင်းနိုင်ငံအနေဖြင့် ဂျပန်ဘက်မှ ပါဝင်ပံ့ပိုးခဲ့ခြင်းနှင့် ဘန်ကောက်မြို့အား မဟာမိတ်များမှ ဗုံးကြဲခဲ့ခြင်း စသည့်အကြောင်းအရာများလည်း ပါဝင်သည်။ တရားဝင် ထုတ်ပြန်ချက်အရ စစ်အတွင်း ထိုင်းနိုင်ငံအနေဖြင့် ဂျပန်ဘက်မှ ပါဝင်ပံ့ပိုးခဲ့ခြင်း ဖြစ်ရပ်အပေါ် လက်တွေ့ကျသော အကြောင်းပြချက်များပေးကာ မျှတစေခဲ့သည်။
မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသော ထိုင်းနိုင်ငံအနောက်ပိုင်းရှိ ကန်ချနာပူရီ (Kanchanaburi) သည် ဒုတိယကမ္ဘာစစ်အတွင်း ပြောစမှတ်တွင်စရာဖြစ်ရပ်များ ရှိခဲ့သောနေရာဖြစ်ပြီး လူအမြောက်အမြား သတ်ဖြတ်မှု ပညာပေးအနေဖြင့်ရော ထိုင်းနိုင်ငံနှင့် အရှေ့တောင်အာရှ၏ သမိုင်းဝင်အမှတ်တရ အနေဖြင့်ပါ မကြာခဏ ကိုးကားဖော်ပြလေ့ရှိသည်။ အဆိုပါ သမိုင်းဝင်နေရာများတွင် ခွယ်မြစ်(River Kwai) ကူးတံတား၊ ၁၉၉၄ ခုနှစ် ဂျပန်နိုင်ငံသားများ အမှတ်တရနှင့် မဟာမိတ်စစ်သင်္ချိုင်းတို့ ပါဝင်သည်။ ဒုတိယကမ္ဘာစစ်၏အခန်းကဏ္ဍကို ပြန်ပြောင်းအောက်မေ့ရေးနှင့် တင်ပြရေးတို့အတွက် ပြတိုက်များလည်း အများအပြားရှိကြသည်။ ယင်းအနက် အထူးအာရုံစိုက်သင့်သောပြတိုက် (၂)ခုမှာ : ငရဲမီး မီးရထားလမ်း အထိမ်းအမှတ် ပြတိုက်(Hell Fire Pass Memorial Museum) နှင့် ထိုင်း-မြန်မာ မီးရထားလမ်းစင်တာ (Thai-Burma Railway Centre)တို့ဖြစ်သည်။
၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ၌ ထိုင်းနိုင်ငံကို ကျူးကျော်လာသော ဂျပန်များအား ထိုင်းစစ်သား လူငယ်များမှတော်လှန်ခဲ့သည့် အထိမ်းအမှတ်အဖြစ် စိုက်ထူထားသော ကျောက်တိုင်၊ ချွန်ဖွန်(Chumphon) မြို့ အနီး။ (မှီငြမ်း ၊ ဝီကီမီဒီယာ ကွန်မန်း
၄၁၅ ကီလိုမီတာ ရှည်လျားသော ထိုင်း-မြန်မာ မီးရထားလမ်းတည်ဆောက်ရေးအတွက် ဂျပန်စစ်တပ်မှ အဓမ္မစေခိုင်းခံခဲ့ရသည့် ဩစတြေးလျနိုင်ငံသားများနှင့် မဟာမိတ်စစ်သုံ့ပန်းများ (Allied Prisoners of War -PoWs) အား အမှတ်ရအောက်မေ့ဖွယ်အဖြစ် ငရဲမီး မီးရထားလမ်း အထိမ်းအမှတ် ပြတိုက် (Hell Fire Pass Memorial Museum) ကို စတင်တည်ထောင်ခဲ့သည်။ ယင်းမီးရထားလမ်းသည် စစ်အတွင်း ဂျပန်နိုင်ငံသားများကို ထောက်ပို့ပြုလုပ်နိုင်ရန် အဓိကဆက်သွယ်ရေးလမ်းကြောင်း ဖြစ်ခဲ့သည်။ အောက်မေ့ဖွယ်ပြတိုက်အတွက် ဩစတြေးလျအစိုးရမှ အကုန်အကျခံ၍ ပံ့ပိုးကူညီပေးခဲ့သည်။
ထိုင်း-မြန်မာ မီးရထားလမ်းစင်တာသည်လည်း သုတေသနရှာဖွေရေးလုပ်ငန်းတွင် ပါဝင်ခဲ့ပြီး အရှေ့တောင်အာရှမှ မဟာမိတ်စစ်သုံ့ပန်းဟောင်း (အဓိကအားဖြင့် ထိုင်း-မြန်မာ မီးရထားလမ်းကို တည်ဆောက်ခဲ့သူများ) ၁၀၆,၀၀၀ ဦး၏ ကိုယ်ရေးအချက်အလက်များကို စုစည်းချဲ့ထွင်နိုင်ခဲ့သည်။ ယင်းပြတိုက်သည် ၂၀၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်သော ပုဂ္ဂလိကပိုင်ပြတိုက်ဖြစ်ပြီး အချက်အလက်နှင့်သုတေသန အဆောက်အအုံ ဖြစ်သည်။ ပြတိုက်တွင်းရှိ ပြခန်းခေါင်းစဉ်များနှင့် အချက်အလက်များ အားလုံးကို အင်္ဂလိပ်ဘာသာနှင့် ထိုင်းဘာသာများဖြင့် တင်ပြထားသည်။ ပြတိုက်သို့လာရောက်သော ကလေးသူငယ်များအနေဖြင့် ထိုင်းအစိုးရကျောင်းသားများဖြစ်ပါက ဝင်ကြေးအခမဲ့ဖြင့် ကြည့်ရှုခွင့်ပြုထားသည်။ ပြတိုက်တည်နေရာမှာ မီးရထားလမ်းနှင့် ၂၀၀ မီတာအကွာရှိပြီး ကပ်ရပ်သင်္ချိုင်းနှင့် မီတာ ၁၀၀ အကွာတွင် ရှိသည်။ ပြခန်းသည် နစ်နာသူများနှင့် ၎င်းတို့၏ရှုထောင့်အမြင်များကို အလေးထားဖော်ပြထားသည်။ ၎င်းတို့ အလုပ်အခြေအနေ၏ ဆိုးရွားလှသော အခြေအနေများ (ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးမှု၊ ဆိုးရွားသော မိလ္လာစနစ်၊ နေရာထိုင်ခင်း ရှားပါးမှု၊ အလုပ်အလွန်အကျွံစေခိုင်းခံရမှု နှင့် ပင်ပန်းနွမ်းနယ်မှု)နှင့် ၎င်းတို့ကြုံတွေ့ခံစားရသော ရက်စက်ကြမ်းကြုတ်မှုများကို ဖော်ပြထားသည်။ သမိုင်းကြောင်းအား သေချာစွာ မှတ်တမ်းတင်ရယူထားခြင်းကိုလည်း ထင်ဟပ်ပြနေသည်။ ပြတိုက်တွင် လက်ရှိ လုပ်ကိုင်နေကြသူအများစုမှာလည်း အဆိုပါသမိုင်းကြောင်းနှင့်ဆက်စပ်နေသော မိသားစုဝင်များ ဖြစ်လေ့ရှိသည်။ ပြတိုက်၏လှုပ်ရှားမှုများကို ဩစတြေးလျ၊ ဒတ်ချ်နှင့် ဗြိတိန်အစိုးရများက အားပေးထောက်ပံ့ကြသည်။ ၁၉၄၂ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ၁၉၄၅ ခုနှစ်၊ ဩဂုတ်လအထိ ၁၃,၀၀၀ ဦးထက်ပိုသော ဗြိတိန်၊ ဒတ်ချ်၊ ဩစတြေးလျနှင့် အမေရိကန် မဟာမိတ်စစ်သုံ့ပန်းများ ယင်းနေရာ၌ပင်အသက်ဆုံးရှုံးခဲ့ရသည်။ သို့ရာတွင် စင်တာ၏ဖော်ပြချက်အရ မြန်မာ၊ ဂျာဗားနှင့် မလေးရှားမှ အာရှသားစစ်သုံ့ပန်းများသည် လူအရေအတွက်အားဖြင့် ၂၄၀,၀၀၀ ခန့်၊ သေဆုံးသူ ၁၀၀,၀၀၀ ခန့် ရှိခဲ့ပြီး ထိခိုက်နစ်နာမှုအများဆုံးအုပ်စုဖြစ်ခဲ့သည်။ ပြခန်းနှင့် ပြင်ပ၌ အဆိုပါကဏ္ဍ နှင့်ပတ်သက်၍ အချက်အလက်အနည်းငယ်ခန့်ကိုသာ သိရှိရေးသားထားသည်။
ထိုင်း-မြန်မာ မီးရထားလမ်းသမိုင်းကြောင်းနှင့် ထိုင်း-မြန်မာ မီးရထားလမ်းစင်တာအကြောင်း အကျဉ်းချုပ်ဖတ်ရှုရန် – http://www.tbrconline.com/history.htm
ထိုင်း -မြန်မာ မီးရထားစင်တာသည် အရှေ့တောင်အာရှရှိ ယခင်စစ်သုန့်ပန်းများ(ထိုင်း -မြန်မာ မီးရထားဖောက်လုပ်သူအများစု) ၏ ဘာသာရပ်ကိုသုတေသနပြုရာတွင်ပါဝင်သည်။ (မှီငြမ်း ၊ ထိုင်း -မြန်မာ မီးရထားစင်တာ)
ထိုင်း -မြန်မာ မီးရထားစင်တာသည် အရှေ့တောင်အာရှရှိ ယခင်စစ်သုန့်ပန်းများ(ထိုင်း -မြန်မာ မီးရထားဖောက်လုပ်သူအများစု) ၏ ဘာသာရပ်ကိုသုတေသနပြုရာတွင်ပါဝင်သည်။ (မှီငြမ်း ၊ ထိုင်း -မြန်မာ မီးရထားစင်တာ)
ပြခန်း၏ အစပိုင်း (မှီငြမ်း၊ ထိုင်း-မြန်မာ မီးရထားလမ်းစင်တာ)
ကာလဝမ်းရောဂါဖြင့် သေဆုံးသွားသော အမျိုးသားတစ်ဦးအား ပံ့ပိုးပေးနေသည့် ငှက်ဖျားရောဂါရှိသူနှစ်ဦး အကြောင်း ရေးဆွဲထားသည့် သြစတြေးလျစစ်သုန့်ပန်း ရေးပါကင် (Ray Parkin)ရေးဆွဲထားသော ပုံကြမ်း။ (မှီငြမ်း ၊ ထိုင်း -မြန်မာ မီးရထားစင်တာ)
ဤပြပွဲသည် ဒုက္ခသည်များနှင့် ၎င်းတို့၏ရှုထောင့်အမြင်များကို အဓိကထား၍ပြသထားသည်။ ၎င်းတို့၏ပြင်းထန်သော လုပ်ငန်းခွင်အခြေအနေများ (ရောဂါများ၊ ငတ်မွတ်ခေါင်းပါးမှု၊ မိလ္လာစနစ် ညံ့ဖျင်းမှု၊ အလုပ်ပိုလုပ်မှုနှင့် ပင်ပန်းနွမ်းနယ်မှု) နှင့် ၎င်းတို့ခံစားခဲ့ရသည့် ရက်စက်ကြမ်းကြုတ်မှုများကို အဓိကပြသခြင်းဖြစ်သည်။ (မှီငြမ်း ၊ ထိုင်း -မြန်မာ မီးရထားစင်တာ)
မီးရထားလမ်းဆောက်လုပ်မှုတွင် သေဆုံးမှုပြခန်းနှင့် စတေးခံလူသားများ အကျဉ်းချုပ်(မှီငြမ်း ၊ ထိုင်း-မြန်မာ မီးရထားလမ်းစင်တာ)
ပြပွဲတွင် POWစခန်းမှ တူးဖော်တွေ့ရှိသည့် ရှေးဟောင်းပစ္စည်းများ အားပြသသည်။ (မှီငြမ်း ၊ ထိုင်း -မြန်မာ မီးရထားစင်တာ)
ဗရိတာ စရီရာတနာ (Verita Sriratana) သည် ကန်ချနာပူရီတွင် တည်ရှိသော တတိယမြောက် ပြတိုက်ဖြစ်သည့် ကျောက်မျက်ရတနာ စွန့်ဦးလုပ်ငန်းရှင် အာရန် ချန်စီရီ(Aran Chansiri) မှ ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့သော ဒုတိယကမ္ဘာစစ်အနုပညာပြခန်းနှင့် စစ်ပြတိုက်အကြောင်းကို ရေးသားခဲ့သည်။ ယင်းပြတိုက်နှင့် ပတ်သက်၍ ဟစ်တလာ၏ပုံရိပ်ကို ချီးမြှောက်၍ ပြတိုက်သဖွယ် ဖန်တီးရန်ကြိုးပမ်းမှုများအပေါ် ဝေဖန်ထောက်ပြမှုအချို့ ပြုလုပ်ခဲ့သည် (သူမ၏ရေးသားချက်ကို ဖတ်ရှုရန်)။ အဆိုပါပြတိုက်သည် ‘ခွယ်မြစ်တံတား(River Kwai Bridge)’ အနီးတည်ရှိပြီး ခွယ်ရိုင်မြစ်ကို လှမ်းမျှော်ကြည့်နိုင်သည်။ သူမ၏ရေးသားချက်အရ ခွယ်မြစ်တံတားဟူသည် ၁၉၅၇ ခုနှစ်၏ နာမည်ကြီး ခွယ်မြစ်ကူး တံတား (Bridge on the River Kwai) ရုပ်ရှင်ကားနှင့် ရင်းနှီးခဲ့သော ကမ္ဘာလှည့်ခရီးသွားများ အတွက် ဒုတိယကမ္ဘာစစ်သမိုင်းကို သန့်ရှင်းသောပုံစံအနေဖြင့် မြှင့်တင်လိုသော ထိုင်းအစိုးရ၏ ကြိုးပမ်းမှု အရ ၁၉၆၀ ခုနှစ်တွင် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုင်းအစိုးရအနေဖြင့် ဂျပန်နိုင်ငံနှင့် စစ်အတွင်း နီးကပ်စွာပူးပေါင်း ဆောင်ရွက်မှု၊ အာရှသုံ့ပန်းလုပ်သားများ တည်ရှိခဲ့မှုတို့အား သမိုင်းကြောင်းမှဖျောက်ဖျက်ရေးအတွက် ကြိုးပမ်းခဲ့သည်သာမက ၁၉၆၀ ခုနှစ်တွင် ကန်ချနာပူရီ၏မြစ် များအား ရုပ်ရှင်ထဲမှ လူကြိုက်များသောစိတ်ကူးယဉ်ဆန်ဆန်အမည်များဖြင့် ပြောင်းလဲခေါ်တွင်စေခဲ့သည်။
ထိုင်းနိုင်ငံ၏ စစ်သမိုင်းကြောင်းနှင့်ပတ်သက်၍ လုပ်ကြံဖန်တီးမှုများသည် ထိုင်းအာဏာပိုင်များမှ တံတားနှင့် မြစ်အမည်များကို ပြောင်းလဲခေါ်ဆိုခြင်းဖြင့် ရပ်တန့်မသွားခဲ့ပေ။ ကန်ချနာပူရီရှိ ရှေးအကျဆုံးသောပြတိုက်၏ တိုးချဲ့မှုအဖြစ် ဒုတိယကမ္ဘာစစ် အနုပညာပြခန်းနှင့် စစ်ပြတိုက်ကို မြင်တွေ့နိုင်ပြီး၊ “JEATH War Museum” ဟုခေါ်ဆိုသည့် ဂျပန်၊ အင်္ဂလန်၊ အမေရိက၊ ဩစတြေးလျ၊ ထိုင်း၊ ဟော်လန် စသဖြင့် အတိုကောက်စာလုံးအဓိပ္ပါယ်ကောက်ယူပါက သမိုင်းကြောင်းဆိုင်ရာ မှားယွင်းနားလည်သွားစေနိုင်သော (သေဆုံးခြင်း “death” ဟူသော စကားလုံး နှင့် မှားယွင်းစေရန် တမင်ရည်ရွယ်၍ အမည်ပေးထားခြင်းဖြစ်) ပြတိုက်ကို ဝက်ချိုင်ချွန်ဖွန်(Wat Chaichumpol) ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၏ကျောင်းထိုင်ဆရာတော်မှ ၁၉၇၇ ခုနှစ်တွင် တည်ဆောက်ခဲ့သည် (လီနွန် ၁၄၇)။ JEATH ပြတိုက်အတွင်း၌ တဲအိမ်ပုံစံတုများအကြားမှ ဖြတ်လျှောက်နိုင်ပြီး ယင်းအိမ်များထဲတွင် စစ်အတွင်းက မြန်မာမီးရထားလမ်းအကျဉ်းသားများကို ဖမ်းဆီးချုပ်နှောင် ထားသည့်ပုံစံမျိုး စိတ်ကူးယဉ်ဖန်တီးထားသည်။ စုဆောင်းထားသည့် အရာဝတ္ထုများ (ဥပမာ- တံဆိပ်ခေါင်းများ၊ အကြွေစေ့များ၊ ဂီတတူရိယာများ၊ ရုပ်လုံးသွင်းတိရစ္ဆာန်အသေများ)အား အိမ်ပုံစံပြခန်းအစုအဖွဲ့များ၌ အရောရောအနှောနှော ခင်းကျင်းပြသထားရာ၊ ယင်းတို့အနီးရှိ ထိုင်း-မြန်မာ စစ်ပွဲများအထိမ်းအမှတ် စေတီ၏နံရံများ၌ ဗုဒ္ဓဘာသာဘုရားကျောင်းများကို အလှဆင်နေကျပုံစံနှင့် ဆင်တူသည့် နံရံကပ်ရုပ်လုံးကြွသရုပ်ဖော်ပုံများတွင် အဒေါ့ဖ် ဟစ်တလာနှင့် ဂျိုးဆက် စတာလင်ရုပ်တုကြီးများကို ဘေးချင်းယှဉ်ရက် ထွင်းထုထားရှိလေသည်။ စတာလင်ရုပ်တုကို ချီးမြှောက်ရေးသားသော ကိုယ်ရေးအချက်အလက်ဆိုင်ရာစာသားများကိုလည်း ထိုင်းနှင့် အင်္ဂလိပ်ဘာသာများဖြင့် ရေးထိုးဖော်ပြထားရာ ဆိုဗီယက်နိုင်ငံရေးအကျဉ်းသားများအား ညှဉ်းပမ်းနှိပ်စက်မှု Gulag ဖြစ်စဉ်ကိုမူ ချန်လှပ်ထားခဲ့သည်။ အဒေါ့ဖ် ဟစ်တလာရုပ်တုကို ချီးမြှောက်ရေးသားသော ကိုယ်ရေး အချက်အလက် ဆိုင်ရာ စာသားများကို ထိုင်းနှင့် အင်္ဂလိပ်ဘာသာများဖြင့် ရေးထိုးဖော်ပြထားရာ၌လည်းလူအမြောက်အမြား သတ်ဖြတ်မှု (Holocaust)ဖြစ်စဉ်အား ချန်လှပ်ထားခဲ့သည်။ သို့သော် စိတ်ဝင်စားစရာ အမြင်တစ်ခု အနေဖြင့် ဟစ်တလာရုပ်တုအနီး၌ ထိုင်းဘာသာဖြင့် ရေးသားထားသော အိုရှိဝတ်ဇ်(Auschwitz) အကျဉ်းစခန်း အကြောင်း သတင်းဆောင်းပါးများကို တွေ့မြင်နိုင်သည်။
ကန်ချနဘူရီ (Kanchanaburi) ဒုတိယကမ္ဘာစစ် အနုပညာပြခန်းနှင့် စစ်ပြတိုက်၌ ဗုဒ္ဓဘာသာဘုရားကျောင်းများကို အလှဆင်နေကျပုံစံနှင့် ဆင်တူသည့် နံရံကပ်ရုပ်လုံးကြွ အဒေါ့ဖ်ဟစ်တလာ (Adolf Hitler) နှင့် ဂျိုးဆက် စတာလင်(Joseph Stalin)ရုပ်တုတို့ကို သတင်းဆောင်းပါးများနှင့် ကိုယ်ရေးအချက်အလက်စာသားများဖြင့် မြင်တွေ့ရပုံ (မှီငြမ်း ၊ ဗရီတာ စရီရထာနာ)
JEATH ပြတိုက်၏အတိုကောက်စာလုံးများအပေါ် ဖြေရှင်းချက်အရ ပြတိုက်သည် မြန်မာနိုင်ငံ၏ မီးရထားလမ်းချွေးတပ်သားဇာတ်ကြောင်းကို အတုအယောင်အနေဖြင့် ပြန်လည်တည်ဆောက်ပြီး ဝါဒဖြန့်ခြင်းဖြင့် မဟာမိတ်နိုင်ငံများမှ မဟာမိတ်စစ်သုံ့ပန်းများသည်သာ အမှန်တကယ် နစ်နာသူများ ဖြစ်ကြကြောင်း ပုံဖော်လိုခြင်းဖြစ်သည်။ ဂျပန်စစ်တပ်၏အရှိန်အဝါအား မြှင့်တင်လိုသောဆန္ဒဖြင့် ဂျပန်၏ ဂျေစာလုံးကို ထည့်သွင်းထားသည်ဟုလည်း ရှုမြင်နိုင်ပေသည်။ အဆိုပါဇာတ်ကြောင်းသည် အာရှလုပ်သားများအား ဖိနှိပ်အကြပ်ကိုင်၍လည်းကောင်း၊ ပိုသာသော အခကြေးငွေပေးမည် ဟူသော လိမ်လည်ကတိပေး၍လည်းကောင်း ခေါ်ယူခဲ့သည့်ဖြစ်ရပ်အပြင် ယင်းလုပ်သားအနေဖြင့် မြန်မာ့မီးရထားလမ်းကို ဖောက်လုပ်စဉ် ဝေဒနာခံစားခဲ့ရပြီး အသက်ဆုံးရှုံးခဲ့မှု အမှန်တရားကိုပါ ပျက်စီးစေနိုင်သည်။
2. Symposium presentation, 23-26 November 2021.
3. Braithwaite, R.W. and Neil Leiper. ‘Contests on the River Kwai: How a Wartime Tragedy Became a Recreational, Commercial and Nationalistic Plaything’. Current Issues in Tourism. Vol. 13. No. 4 (July 2010) Taylor & Francis, p.323.
4. Lenon, John. ‘Kanchanaburi and the Thai-Burma Railway: Disputed Narratives in the Interpretation of War’. International Journal of Tourism Cities. International Tourism Studies Association. Vol. 4. No. 1 (2018): p.147.eo.
ထို့ပြင် ဆီရီထိုင်းတော်လှန်ရေးလှုပ်ရှားမှု (Seri Thai resistance movement) (သို့မဟုတ်) လွတ်လပ်သောထိုင်းလှုပ်ရှားမှု (Free Thai Movement) အား စိတ်ဝင်စားစရာကိုးကားမှုတစ်ခု ပြုလုပ်နိုင်သည်။ ယင်းသည် ဒုတိယကမ္ဘာစစ်အတွင်း၌ ဂျပန်အင်အားစုများအား ဆန့်ကျင်သည့် ထိုင်းမြေအောက်လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ ဆီရီထိုင်းတော်လှန်ရေးလှုပ်ရှားမှု အထိမ်းအမှတ်ပွဲအား ထိုင်းနိုင်ငံရှိအမေရိကန်သံရုံးနှင့် ပူးပေါင်း၍ ထိုင်းနှင့် အမေရိကန်နိုင်ငံအကြား တူညီသောသဘောထားဖြင့် ကျင်းပလေ့ရှိသည်။
အမေရိကန်သံရုံးဝက်ဘ်ဆိုဒ်တွင် အောက်ပါအတိုင်းဖော်ပြထားသည် –
“အမေရိကန်နိုင်ငံ၏ Cornell၊ Caltech နဲ့ MIT ကဲ့သို့ ကျော်ကြားသော တက္ကသိုလ်များတွင် ပညာသင်ကြားခဲ့သော ကျောင်းသားများအနေဖြင့် ကိုယ်ပိုင်သဘောဆန္ဒအရ စစ်ရေးလေ့ကျင့်မှု ခံယူခဲ့ပြီး အမိမြေ ထိုင်းနိုင်ငံသို့ ပြန်သွားကာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ ၎င်းတို့သည် ဆီရီထိုင်းတပ်ဖွဲ့၏ပထမဦးဆုံးသော အဖွဲ့ဝင်များ ဖြစ်လာခဲ့ကြသည်။ ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာ ပြန်လည်ထူထောင်ရေးအတွက် အခြေခံအုတ်မြစ်ကို ပြင်ဆင်ရာတွင် စီရီထိုင်း စေတနာ့ဝန်ထမ်းများက အဖိုးမဖြတ်နိုင်သောကဏ္ဍမှပါဝင်ခဲ့သည်။”
စီးရီး ထိုင်း လှုပ်ရှားမှု အထိမ်းအမှတ် ၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်။ https://th.usembassy.gov/commemoration-seri-thai-movement/
ဝေဖန်ပိုင်းခြားတွေးခေါ်မှုဆိုင်ရာ မေးခွန်းများ
- ၁။ ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းနိုင်ငံ၏ရှုပ်ထွေးသောအခန်းကဏ္ဍကို အထိမ်းအမှတ်ပြုရာတွင် မည်သည်က အဓိက စိန်ခေါ်မှုများဖြစ်မည်နည်း။
- ၂။ ထိုင်း-မြန်မာ မီးရထားလမ်းဖောက်လုပ်မှုတွင် အာရှစစ်သုံ့ပန်းလုပ်သားများပါဝင်ခဲ့သည်ကို နှုတ်ဆိတ်နေခြင်းသည် အကြမ်းဖက်မှုအမှန်တရားကို ပုံဖျက်ခြင်း (သို့မဟုတ်) ငြင်းဆိုခြင်း အထိပါ ဖြစ်သွားနိုင်ပါသလား။ ၎င်းတို့ကို ဇာတ်ကြောင်းတစ်ခုအဖြစ် ပေါင်းစပ်ပြီး ကိုယ်စားပြုနိုင်စေမည့် နည်းလမ်းများကား အဘယ်နည်း။
လူမှုရေးကွဲပြားမှုများ၏ရှုထောင့်များ၊ နိုင်ငံ၏ အဓိကလူနည်းစုများ၊ ၁၉၄၅ ခုနှစ်နောက်ပိုင်း ဖိနှိပ်မှုများ။
လူနည်းစုနှင့် တိုင်းရင်းသားလူမျိုးစုများအနေဖြင့် – ထိုင်း အီဆန်/ ထိုင်း လာအို ၁၃ သန်း၊ တရုတ် နွယ်ဖွား ၉.၅ သန်း(ခန့်မှန်းခြေအားဖြင့် ၁၄ ရာခိုင်နှုန်း)၊ မလေးမူစလင် ၁.၅ သန်း၊ ခမာ ၁.၄ သန်း၊ ကုန်းမြင့်တိုင်းရင်းမျိုးနွယ်စု ၉၂၃,၂၅၇၊ စလုံတိုင်းရင်းသားမျိုးနွယ်စု ၁၀,၀၀၀ စသဖြင့် အမျိုးအစားစုံလင်ကြသည်။
ထိုင်းနိုင်ငံရှိ လူနည်းစုများအကြောင်းဖတ်ရှုရန် : https://minorityrights.org/country/thailand/
ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်များရှိ အခွင့်အရေးနည်းပါးသောလူမျိုးစုများကို ကိုယ်စားပြုသူ (သို့မဟုတ်) လူနည်းစုတိုင်းရင်းသားမျိုးနွယ်မှဆင်းသက်လာသူ လူငယ်အနုပညာရှင်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးလိုသည့် Arjan Jehabdulloh Jehorhoh သည် Patani Artspace ကို တည်ထောင်ခဲ့သည်။ ယင်းနေရာတွင် အနုပညာသည် စကားပြောဆိုခြင်း၊ တရားထိုင်ခြင်းနှင့် အတိတ်မှအကြမ်းဖက်မှုများကို အောက်မေ့ခြင်းတို့အတွက် ကြားခံတစ်ခုလည်းဖြစ်သည်။
Patani Artspace ၏ ဖေ့စ်ဘုတ်စာမျက်နှာအား Follow လုပ်ရန်-https://www.facebook.com/PataniArtspaceArtMuseum/
NEVER AGAIN Association မှ စီစဉ်သော စာတမ်းဖတ်ပွဲ၌ Arjan Jehabdulloh Jehorhoh ၏ တင်ပြချက် presentation ကိုကြည့်ရှုရန်၊ ၂၆-၁၁-၂၀၂၁ (ထိုင်းဘာသာဖြင့်)
အစ္စရေး၊ အမေရိကန်၊ ဩစတြေးလျနှင့် အခြားနိုင်ငံများမှလာသော ဂျူးရွှေ့ပြောင်း အခြေချသူ အချို့နှင့် ဂျူးလူမျိုးကမ္ဘာလှည့်ခရီးသည်အချို့မှလွဲ၍ ထိုင်းနိုင်ငံရှိ ဂျူးလူမျိုးများ တည်ရှိမှုကို မည်သည့်အခါမှ ထင်ထင်ရှားရှား မမြင်တွေ့ခဲ့ဖူးပေ။ ယနေ့အချိန်၌ ထိုင်းနိုင်ငံတွင်းရှိ ဂျူးလူမျိုးများကို ကိုယ်စားပြုသော ထိုင်းနိုင်ငံဆိုင်ရာဂျူးလူမျိုးအသင်း ရှိနေပြီဖြစ်သည်။ နိုင်ငံတွင်း၌ ဂျူးလူမျိုး ရာပေါင်းများစွာ နေထိုင်လျက်ရှိပြီး အများစုကို ဘန်ကောက်မြို့၌ မြင်တွေ့နိုင်သည်။ သမိုင်းအရ ဆိုင်ယမ်လူမျိုးများ၏ အယုဒ္ဓယဘုရင့်ပြည်ထောင်၌ ဂျူးကုန်သည်များနေထိုင်ဖူးခဲ့ သည်။ ၁၈ ရာစုအကုန်နှင့် ပထမကမ္ဘာစစ် အပြီး၌ နိုင်ငံအတွင်းသို့ ဥရောပအရှေ့ပိုင်းနှင့် ရှရှားနိုင်ငံတို့မှ ဂျူးလူမျိုးအချို့ ဝင်ရောက်ခဲ့ကြသည်။ ၁၉၃၀ ခုနှစ်များအတွင်း၌ ထိုင်းနိုင်ငံသည် နာဇီဂျာမနီ၏ ရက်စက်ကြမ်းကြုတ်မှုမှ လွတ်မြောက်လာသော ဂျာမန်ဂျူးလူမျိုးများ၏ လုံခြုံသောခိုလှုံရာ ဖြစ်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီး၌ အမေရိကန်ဂျူးလူမျိုးများအပြင် အီရတ်၊ အီရန်နှင့် အာဖဂန်နစ္စတန်မှ ဂျူးလူမျိုးများ ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်အခြေချခဲ့ကြသည်။ ယင်းတို့အများစုအနေဖြင့် အမျိုးအစားစုံလင်သော စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြပြီး ထိုင်းနိုင်ငံ၏ စီးပွားရေးကို အထောက်အကူပြုကာ ထိုင်းနိုင်ငံကို ခံနိုင်ရည်ရှိသောနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်အတွင်း ယင်းတို့အားရန်သူတော်များအဖြစ်သတ်မှတ်ခဲ့ကြပြီး၊ ဂျပန်နိုင်ငံ၏ မဟာမိတ်များကို ထောက်ပံ့နေကြောင်း (ဗမာဂျူးလူမျိုးများကိစ္စနှင့်အလားတူ) သံသယဝင်ခဲ့ကြသည်။ အချို့သော ဂျူးစစ်သားများသည် ကန်ချနာပူရီရှိ ဂျပန်၏မဟာမိတ်စစ်သုံ့ပန်းများ စခန်း၌ ထိန်းသိမ်းခံထားရဖူးသည့်အချက်အား သုတေသနပြုရန် လိုနေသေးသည်။
ထိုင်းနိုင်ငံဆိုင်ရာ ဂျူးလူမျိုးအသင်းအကြောင်း ပို၍ဖတ်ရှုရန် – https://www.worldjewishcongress.org/en/about/communities/TH
ဝေဖန်ပိုင်းခြားတွေးခေါ်မှုဆိုင်ရာ မေးခွန်းများ –
- ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုစုံလင်ကွဲပြားခြင်းသည် ဒုတိယကမ္ဘာစစ်အတွင်း လူအမြောက်အမြား သတ်ဖြတ်မှု(Holocaust) နှင့် အခြားရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုများကို နားလည် သဘောပေါက်ခြင်းနှင့် ပြန်ပြောင်းအောက်မေ့ခြင်းတို့၌ မည်ကဲ့သို့ အကူအညီပေးနိုင်သနည်း။
၂။ လူအမြောက်အမြားသတ်ဖြတ်မှု ၊ လူမျိုးတုံးသတ်ဖြတ်မှု ငြင်းပယ်ခြင်းနှင့် အမှန်တရားကို ပုံဖျက်ခြင်း ၏ တည်ရှိနေသေးသောအမျိုးအစားများ
ထိုင်းနိုင်ငံအတွင်း၌ ဂျူးလူမျိုးများသမိုင်းနှင့် ယဉ်ကျေးမှုအကြောင်း သိရှိမှုနှင့် စိတ်ဝင်စားမှု အနည်းငယ်သာရှိပြီး ဥရောပ၌ လူအမြောက်အမြားသတ်ဖြတ်မှု (European Holocaust) အကြောင်းကိုလည်း သိရှိသူနည်းပါးလေသည်။ လူအမြောက်အမြားသတ်ဖြတ်မှု ( Holocaust) နှင့်ပတ်သက်သည့် ဗဟုသုတမှာ အကန့်အသတ်ရှိပြီး ယင်းကို ‘Shindler’s List’ နှင့် ‘Life is Beautiful’ အစရှိသည့် ရုပ်ရှင်များအပါအဝင် နာမည်ကြီးယဉ်ကျေးမှုမှတစ်ဆင့်သာ သိရှိမှု များပြားလေသည်။ The Diary of Anne Frank ကိုလည်း ထိုင်းဘာသာသို့ ပြန်ဆိုခဲ့လေသည်။ ပုံမှန်သမိုင်းဖတ်စာများတွင် လူအမြောက်အမြားသတ်ဖြတ်မှု( Holocaust) နှင့်ပတ်သက်၍ အလွန်အခြေခံကျသော အချက်အလက် မျှသာ ပါဝင်လေသည်။
ဥရောပအရှေ့ပိုင်းနှင့် အလယ်ပိုင်းမှ သံရုံးများသည်သာ ပြခန်းများ(သို့မဟုတ်)သင်တန်းများ စီစဉ် ပေးခြင်းဖြင့် လူအမြောက်အမြားသတ်ဖြတ်မှု(Holocaust)နှင့် ဒုတိယ ကမ္ဘာစစ်အကြောင်း သတင်းအချက်အလက်များမျှဝေပေးသည့် အဓိကရင်းမြစ်တစ်ခု ဖြစ်လာခဲ့သည်။ သို့သော် တစ်ခါတစ်ရံ၌ ၎င်းတို့၏ အမျိုးသားရေး (သို့မဟုတ် မျိုးချစ်စိတ်နှင့် သက်ဆိုင် သည့်) ဇာတ်ကြောင်းများနှင့် သင့်လျော်သော အပြုသဘောဆောင်သည့်ရှုထောင့်များ(ဥပမာ-နိုင်ငံများအကြား ဖြောင့်မတ်တည်ကြည်မှု)ကို အသားပေးကာ ဖြစ်ရပ်များကို သရုပ်ဖော်ကြ သော်လည်း၊ ဒေသခံလူမျိုးများ၏ စုံလင်ကွဲပြားသော အခန်းကဏ္ဍများအပါအဝင် လူအမြောက်အမြား သတ်ဖြတ်မှု (Holocaust) ဖြစ်စဉ်တစ်ခုလုံး၏ ရှုပ်ထွေး နက်နဲမှုကို ဆွေးနွေးရန် ရှောင်ရှားတတ်ကြသည်။
လူထုဟောပြောပွဲ၌ လူအမြောက်အမြားသတ်ဖြတ်မှု အမှန်တရားကို ပုံဖျက်ခြင်း (Holocaust distortion) ပုံစံအမျိုးမျိုးရှိရာ – လူအမြောက်အမြားသတ်ဖြတ်မှုကို အသေးအဖွဲကိစ္စဖြစ်အောင်ပြုလုပ်ခြင်း (Holocaust trivialization)၊ နာဇီ နှင့် ဟစ်တလာကို သာမန်ကိစ္စအဖြစ်ပြုမူခြင်းနှင့် စွဲလန်းခြင်း (နာဇီခေတ်ဆန်ခြင်း- Nazi chic)နှင့် ဂျူးလူမျိုးများနှင့်သက်ဆိုင်သည့် စိတ်ကူးကြံစည်ထားသော ဖြစ်နိုင်ဖွယ်ရာသီအိုရီအမျိုးမျိုးတို့ ပါဝင်သည်။
ထိုင်းနိုင်ငံ၏ခေတ်ရေစီးကြောင်း၌ နာဇီခေတ်ဆန်ခြင်း (Nazi chic) ရေပန်းစားမှုသည် ကျောင်းများနှင့် တက္ကသိုလ်များတွင် သင်ရိုးညွှန်းတန်းပြင်ပလှုပ်ရှားမှုများ၏ အဓိကအခန်းကဏ္ဍ တစ်ရပ်အထိပါ ဖြစ်လာခဲ့ပြီး ကျောင်းသားချီတက်ပွဲများ၊ တက္ကသိုလ်တွင်း လှုပ်ရှားမှုများနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားများတွင် နာဇီသင်္ကေတများကို မြင်တွေ့နိုင်သည်။
ထိုင်းနိုင်ငံ၌ နာဇီခေတ်ဆန်ခြင်း (Nazi chic) ကို နာဇီဝတ်စုံနှင့် အမှတ်တံဆိပ် (အနက်ရောင် စကြာနှင့် ရိုက်ဆဒ်ဒလာ(Reichsadler) ခေါ် အင်ပီရီရယ်လင်းယုန်ပုံ၏ ပုံတူရိုးမှားများ)များအား ထူးခြားသောပွဲတော်၏ ကိုယ်စားပြုလာဘ်ကောင်အဖြစ်လည်းကောင်း ဖျော်ဖြေရေးရှိုးမှ သရုပ်ဆောင်တစ်ဦး (သို့မဟုတ်)လူအများချီတက်သော ပျော်ပွဲရွှင်ပွဲတစ်ခုအတွက် ဝတ်ဆင်သုံးစွဲစရာပစ္စည်းတစ်ခုအဖြစ် လည်းကောင်း မှတ်ယူနိုင်သည့်အချက်ကို ထင်ဟပ်နိုင်သည်။ ယင်းအချက်အား ဘန်ကောက်မြို့လယ်ရှိ ကုန်တိုက်ကြီးတစ်ခု၏ ၂၀၁၉ ခုနှစ်၊ ခရစ်စမတ် အထိမ်းအမှတ် ပြင်ဆင်ပြသမှုတွင် ပုံပါအတိုင်း မြင်တွေ့နိုင်သည်။ ယင်း၂၀၁၉ ခုနှစ်အတွင်း၌ပင် ထိုင်းနိုင်ငံ၏ နာမည်ကြီး မိန်းကလေးအဆိုတော်အဖွဲ့ BNK48(ဂျပန် AKB48 တီးဝိုင်း၏ ပြည်တွင်း လုပ်ပိုင်ခွင့်ရယူထားသော)မှ အဖွဲ့ဝင်တစ်ဦးသည် နာဇီစတိုင်တီရှပ်ကို ဒုတိယကမ္ဘာစစ်အတွင်း လူအမြောက်အမြားသတ်ဖြတ်မှု အပြည်ပြည်ဆိုင်ရာ အမှတ်ရအောက်မေ့ဖွယ်နေ့ (International Holocaust Remembrance Day)မတိုင်မီ နှစ်ရက်အလိုက တီဗီဖျော်ဖြေရေး ထုတ်လွှင့်မှုတစ်ခု၌ ဝတ်ဆင်ထားခဲ့သည်။ BNK48 ၏ ပရိတ်သတ်အချို့က ၎င်းတို့ကိုယ်တိုင်ပင် နာဇီအမှတ်သင်္ကေတ၏အဓိပ္ပါယ်ကို မသိခဲ့ကြောင်း ယင်းအဆိုတော်ဘက်မှ ခုခံပြောကြားခဲ့ပြီး (“ထိုင်းမိန်းကလေး အဆိုတော်အဖွဲ့ BNK48 မှ နာဇီတီရှပ်အငြင်းပွားဖွယ်ဖြစ်ခဲ့မှုအား တောင်းပန်ကြောင်း”)၊ ယင်းအချက်ကို ကြည့်ခြင်းဖြင့် လူအများစုသည် သတိမမူမိပါဆိုသော အချက်အား ဆင်ခြေပေးရန် သက်သက် အသုံးပြုနေကြသည်ကို မြင်တွေ့နိုင်သည်။
6. The United Nations General Assembly resolution 60/7 on 1 November 2005 designated 27 January of each year, which was the day that Auschwitz concentration camp was liberated by the Red Army in 1945, as International Holocaust Remembrance Day.
BNK48 member, Pichayapa Natha wearing a t-shirt depicting a Nazi flag on stage.
(Credit: https://www.khaosodenglish.com/ featured/2019/01/26/thai-idol-group-bnk48-member-wearsnazi-flag-on-stage, Assessed on 1 August, 2021)
Our project researcher, Dr Verita Sriratana of Chulalongkorn University in Bangkok explains the root causes of the fascination and normalisation of Nazism and Hitler in Thailand and the wider region:
‘Thailand’s romanticisation of WWII strongmen leaders like Hitler and Stalin is a reflection of the country’s long history of having been ruled under absolute monarchy’s internal colonisation, bureaucratic polity’s patronage system and military authoritarianism. Having weathered thirteen “successful” coups d’état since 1932 (and counting), one can find discourses where past and present democides [killings of person(s) by their government] and the Holocaust are justified in the name of national security and to the credit of the past and present leaders, as well as “semi-divine” figures.’
The wartime actions of the Japanese are the most immediate prism through which many view the region’s history; Hitler was in Europe and the Holocaust was organised in Europe. In this way, Thais are typically unable to draw any immediate association between Hitler and the murder of six million Jews in Europe.
‘The room in question, which was given the name, ‘Communist room’, was known to be popular among guests (“Outrage over love hotel’s Hitler Room”). In the photograph, one can see that the room contains the pictures and symbols which would have been an extreme anomaly in Europe: Adolf Hitler with red stars and the hammer & sickle. The room epitomises and sets up
the backdrop to my analysis of the cultural trends of Nazi chic and Communist cool in Thailand. I contend that such trends constitute the problems of personality cult and ignorance of the Second World War history in Thailand and can be seen as a result and reflection of the country’s long history of having been ruled under absolute monarchy’s internal colonisation, bureaucratic polity’s patronage system and military authoritarianism. The ‘Communist room’ with the Hitler portrait as decoration, a transitory place designed to cater to sordid desires, can be seen as a mere secularised and commodified version of the cult of Hitler and Stalin’.
Watch Verita Sriratana’s presentation ‘The Land of Smiles, Nazi Chic and Communist Cool’ during a Symposium organised by the NEVER AGAIN Association.
Common global prejudices exist in Thailand and the wider region, such as the blaming of American Jews for political turmoil in Thailand[7]. Conspiracy theories invariably result in the scapegoating of groups, such as the Jewish minority. Individuals often turn to conspiracy theories during crises and the blaming of minorities has a long history. Antiminority propaganda and fake news (disinformation) are often spread in Southeast Asia through social media. It is possible for religious leaders to be both victims and perpetrators. This can be counteracted through education that provides individuals with the tools necessary to distinguish between true and false information, develop critical thinking skills, recognise facts that are supported by testimony and research, and use different perspectives to discover reliable sources of information.
7. Are you serious? Thai royalists blame Jews for political unrest’,
https://www.ucanews.com/news/are-you-serious-thai-royalists-blame-jews-for-political-unrest/90213#,
Assessed on 1 August, 2021.
Photo from Lovevillahotel.com via the Bangkok Post
(Credit: https://www.bangkokpost.com/thailand/
general/1553074/outrage-over-love-hotels-hitler-room)
Thai men dressed as Nazis during a Christmas display at a Bangkok Department Store in 2019.
(Credit: Twitter (Stickboy Bangkok)
Photograph of Hitler fried chicken (later renamed ‘H-ler’ fried chicken) in 2013. The chain of restaurants, located in the provinces of Ubon Ratchathani
and Chiang Rai, has since closed down.
(Credit: Shuo & Zhaokun; Verita Sriratana )
A group of students in Red Guard uniforms performing a Nazi salute. (Credit: Washirawit Santipiboon (Facebook)
https://www.khaosodenglish.com/politics/2017/01/28/contrition-silpakorns-nazi-chic-stinkfalls-short-holocaust-memorial-day, Assessed on 1 August, 2021)
3. Governmental and nongovernmental initiatives to prevent and counter denial
- Despite all of these challenges, Thailand is the headquarters for many human rights organisations in Southeast Asia, such as Fortify Rights. One of the region’s leading higher education institutions, Mahidol University, runs a human rights and peace programme in Thailand. The embassies of Israel and other nations regularly organise Holocaust commemoration events, to which governmental representatives are also invited. It seems that Thailand exhibits high potential to develop and support future Holocaust education.
- Our collaborator, Verita Sriratana of Chulalongkorn University, stresses the promotion of Central and Eastern European Studies in Thailand as a way to help the Thai public question and deconstruct its tendency to glorify totalitarian regimes. This can be achieved through training programmes for Thai teachers and students, and through extracurricular cultural
A recent example of the impact of Central and Eastern European Studies in Thailand on the deconstruction of Nazi chic and Communist cool is the public screening of the 2019 film, Nabarvené ptáče, (‘The Painted Bird’) at Chulalongkorn University’s Faculty of Arts. The screening was followed by a discussion with the film’s director, Václav Marhoul. A controversial film about the atrocities of both the Nazi and the Communist regimes, which is loosely based on Jerzy Kosiński’s novel of the same name, Nabarvené ptáče is the story of a Jewish boy who had to find ways to survive in wartorn Central and Eastern Europe. Medžuslovjansky (Interslavic language) is utilised throughout the film to avoid pinpointing specific locations, as the film focuses on Central and Eastern European collective grief and the cross-border transcendence of the cruelty of war.
- The NEVER AGAIN Association cooperates with Thailand-based Buddhist monks from Thailand, Bangladesh, Cambodia, Laos, Myanmar, and Vietnam. Venerable Lablu Barua Thirasattho Bhikkhu of Wat Phrmarangsi Buddhist Monastery has organised lectures and discussions about the Holocaust and interfaith dialogue for Buddhist monks and students at the International Buddhist College of Mahachulalongkornrajavidyalaya University in Ayutthaya. He has invited NEVER AGAIN members, Sydney-based interfaith expert and leader of the Jewish Community Jeremy Jones, and chief rabbi of Poland Michael Schudrich as speakers at these events.
Venerable Lablu Barua holding a WeRemember (Holocaust remembrance) campaign poster at his Monastery in Bangkok, 27 January, 2019.
(Credit: Sanjoy Barua Chowdhury)
Venerable Lablu Barua visits Warsaw’s historical ghetto and the Monument to Warsaw Ghetto Fighters,
November 2019. (Credit: Natalia Sineaeva)
Venerable Lablu Barua (second right) during his study visit to Poland, with NEVER AGAIN members in Warsaw.
(November 2019, Credit: Natalia Sineaeva)
Online discussion of Venerable Lablu Barua (third left), Buddhist monks, and NEVER AGAIN’s Natalia Sineaeva about genocide, interfaith and peace education.
(Credit: Archive of Lablu Barua)
Interfaith meeting of Venerable Lablu Barua, Buddhist scholar Dr Sanjoy Barua Chowdhury, and Jeremy Jones (centre), Bangkok, January 2020.
(Credit: archive of Lablu Barua)
Questions for Critical Thinking:
- What can be done to tackle the presence of ‘Nazi chic’ in the popular culture of Thailand and Southeast Asian countries?
- What is the role of faith leaders, such as Buddhist monks, in identifying and confronting Holocaust denial and distortion?
Thank you for taking the time to give us feedback on this online exhibition. Please share your thoughts, reflections and comments on this. We appreciate your cooperation.
RECOMMENDED LITERATURE
Books
- McCargo, Duncan (Editor). (2007). Rethinking Thailand’s Southern Violence. Singapore: National University of Singapore Press
Winichakul, Thongchai. (2020). Moments of Silence: The Unforgetting of the October 6, 1976, Massacre in Bangkok. Honolulu: University of Hawaii Press - Strate, Shane, Chandler, David. (2015). The Lost Territories: Thailand’s History of National Humiliation. Honolulu: University of Hawaii Press
Journal Articles
- Braithwaite, R.W. and Neil Leiper. “Contests on the River Kwai: How a Wartime Tragedy Became a Recreational, Commercial and Nationalistic Plaything”. Current Issues in Tourism, Taylor & Francis, Vol. 13. No. 4, July 2010, pp. 311-332
- Lenon, John. “Kanchanaburi and the Thai-Burma Railway: Disputed Narratives in the Interpretation of War”. International Journal of Tourism Cities. International Tourism Studies Association. Vol. 4. No. 1, 2018, pp. 140-155